
0
411



……………………. ။ ။ ……………………..

မောင်တောမှာ ကျောင်း ၃၀ ကျော် ပြန်ဖွင့်

အကြမ်းဖက် တိုက်ခိုက်ခံရထားရတဲ့ ဘူးသီးတောင် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်း ၃၅ ကျောင်းကို ပြန်ဖွင့်နေပြီလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဘူးသီးတောင်က ကျောင်း ၂ဝ ၊ မောင်တောက ၁ဝ ကျောင်းနဲ့ ရသေ့တောင်က ၅ ကျောင်း စုစုပေါင်း ၃၅ကျောင်း ပြန်ဖွင်ခဲ့တာ ဖြစ်ပြီး မြို့ပေါ်က လုံခြုံတဲ့ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းကထွက်ပြေးသွားကြတဲ့ ကျောင်းဆရာ၊ ဆရာမ ၉၀ ရာခိုင်နှုန်းလောက် တာဝန်ကျရာ ကျောင်းတွေဆီ ပြန်ရောက်နေကြပြီဖြစ်ပေမယ့် ကျောင်းသားထက်ဝက်ကျော်လောက် ကျောင်းတွေဆီ ရောက်မလာနိုင်သေးဘဲ ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)