
0
421



……………………. ။ ။ ……………………….

ဖရဲနဲ့ သခွားမွှေး ဒူဘိုင်းဈေးကွက်ရှာမယ်

မြန်မာ့ဖရဲနဲ့ သခွားမွှေးကို ဒူဘိုင်းကို ပထမဆုံးအကြိမ် သွားရောက် ပြသပြီး ဈေးကွက် ရှာဖွေဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ က တာဝန်ရှိသူတဦးက ပြောပါတယ်။

သူက” ဒူ ဘိုင်းမှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ကျင်းပမယ့် ပြပွဲမှာ ့ပြပွဲလာရင်းနဲ့ အကြိုက်တွေ့ရင် စာချုပ်ချုပ်မယ်၊ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုးနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ပြသမှာ ဖြစ်တယ်။ ပြပွဲကနေ တောင်သူတွေ ဈေးကွက်ရအောင် စီစဉ်ပေးမှာဖြစ်တယ် “လို့ ‘ ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ဖရဲနဲ့ သခွားကို တရုတ် နိုင်ငံကို အဓိကထားတင်ပို့လျက်ရှိပြီး ဟောင်ကောင်၊ စင်ကာပူ စတဲ့ နိုင်ငံတို့ကိုလည်း တင်ပို့နေရပြီး အခုတခါ ဒူဘိုင်းဈေးကွက်သို့ ထပ်မံတိုးမြှင့်တင်ပို့နိုင်ဖို့ စိုင်းပြင်းလာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)