အင်ဒိုလှူထားတဲ့ စားနပ်ရိက္ခာတွေ ဒေသခံတွေကို ထောက်ပံ့

0
287



ဒါ့အပြင် ၀န်ကြီးနဲ့အဖွဲ့က အဲဒီကျေးရွာတွေက အိမ်ထောင်စု ၇၀၇ စုအတွက် ငွေကျပ်သိန်းပေါင်း ၁၄၁ သိန်းကို မိသားစု အသုံးစရိတ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

……………………. ။ ။ ……………………..

အင်ဒိုလှူထားတဲ့ စားနပ်ရိက္ခာတွေ ဒေသခံတွေ ထောက်ပံ့

အင်ဒိုနီးရှားနိုင်ငံက လှူဒါန်းထားတဲ့ စားနပ်ရိက္ခာများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်တဲ့အဖွဲ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ ၆၅၀ဝ ခန့်ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ရသေံတောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာနေ လူဦးရေ ၂၇၇၀၊ စေတီပြင်ကျေးရွာနဲ့ သာယာကုန်း ကျေးရွာနေ လူဦးရေ ၃၇၂၁ ဦး စုစုပေါင်း ၆၅၀ဝ ခန့်ကို ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီးနဲ့အဖွဲ့က အဲဒီကျေးရွာတွေက အိမ်ထောင်စု ၇၀၇ စုအတွက် ငွေကျပ်သိန်းပေါင်း ၁၄၁ သိန်းတစ်သောင်း ကို မိသားစု အသုံးစရိတ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရခိုင်မြောက်ပိုင်းဒေသရှိ ဒေသခံတွေအတွက် လေယာဉ် ခြောက်စီးစာ စားနပ်ရိက္ခာ များ ပေးပို့ လှူဒါန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)