သံတမန္ေတြ မနက္ျဖန္ ေမာင္ေတာ သြားၾကမယ္

0
289

စက္တင္ဘာ ၂၈ ရက္မွာ အၾကမ္းဖက္တိုက္ခိုက္ခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသကို ႏိုင္ငံတကာ သံတမန္မ်ား သြားေရာက္ဖို႔ ဖိတ္ၾကားထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက အတည္ျပဳေျပာဆိုပါတယ္။

ျပည္တြင္းအေျခစိုက္ သံ႐ံုး ၄၇ ႐ံုးက သံတမန္မ်ားနဲ႔ ကုလသမဂၢကိုယ္စားလွယ္ အႀကီးအကဲမ်ားကို ဖိတ္ၾကားထားတာျဖစ္ျပီး ဘယ္ႏွစ္ေယာက္ လိုက္ပါမယ္ဆိုတာေတာ့ စာရင္းလက္ခံတုန္းျဖစ္လို႔ ထုတ္ေဖာ္ေျပာဆိုႏိုင္ျခင္း မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၂ ရက္က သမၼတအိမ္ေတာ္မွာလုပ္ခဲ့တဲ့ ရခိုင္အေရးအစည္းအေ၀းမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံရွိ သံတမန္မ်ားကို ေမာင္ေတာ ေဒသသို႔ ပို႔ေဆာင္ေပးႏိုင္ဖို႔ လမ္းညႊန္မွာၾကားခဲ့ပါတယ္။

သံတမန္ေတြ ေမာင္ေတာမသြားခင္ ရက္ပိုင္းအလိုမွာပဲ ေမာင္ေတာမွာ ဟိႏၵဴဘာသာ၀င္ေတြ အစုအျပံဳလိုက္ သတ္ျဖတ္ခံထားရတာကို အစိုးရက တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။
……………………. ။ ။ ………………………..

သံတမန်တွေ မနက်ဖန် မောင်တော သွားကြမယ်

စက်တင်ဘာ ၂၈ရက်မှာ အကြမ်း ဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို နိုင်ငံတကာ သံတမန်များ သွားရောက်ဖို့ ဖိတ်ကြားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက အတည်ပြုပြောဆိုပါတယ်။

ပြည်တွင်းအခြေစိုက် သံရုံး ၄၇ ရုံးက သံတမန်များနဲ့ ကုလသမဂ္ဂကိုယ်စားလှယ် အကြီးအကဲများကို ဖိတ်ကြားထားတာဖြစ်ပြီး ဘယ်နှစ်ယောက် လိုက်ပါမယ်ဆိုတာတော့ စာရင်းလက်ခံတုန်းဖြစ်လို့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ ရခိုင်အရေးအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံရှိ သံတမန်များကို မောင်တော ဒေသသို့ ပို့ဆောင်ပေးနိုင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

သံတမန်တွေ မောင်တောမသွားခင် ရက်ပိုင်းအလိုမှာပဲ မောင်တောမှာ ဟိန္ဒူဘာသာဝင်တွေ အစုအပြုံလိုက် သတ်ဖြတ်ခံထားရတာကို အစိုးရက တူးဖော်တွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)