လူငယ္ေတြစာဖတ္အားျမင့္ဖို႔နဲ႔ စာၾကည့္တိုက္ေတြမ်ားလာဖို႔ အစိုးရနဲ႔ ျပည္သူပူးေပါင္းဖို႔လို႔

0
114

လူငယ္ေတြစာဖတ္အားျမင့္တက္ဖို႕နဲ႕ စာၾကည့္တိုက္ေတြမ်ားျပားလာဖုိ႔က  အစိုးရနဲ႕ ျပည္သူလူထု ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ ဇမၺဴ႕ပညာစာၾကည့္တိုက္ က ေျပာပါတယ္ ။ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

လက္ရွိအခ်ိန္မွာ လူငယ္ေတြရဲ႕စာဖတ္အားကေလ်ာ့နည္းလာသလို စာၾကည့္တိုက္ေတြဖြင့္လွစ္တဲ့အေရအတြက္ ဟာလည္းအရင္က ထက္ ေလ်ာ့နည္းလာတဲ့  အေျခအေနမွာရွိေနတာပါ။

အဲဒီလို  အေျခအေနတြေၾကာင့္ လူငယ္ေတြအမ်ားစုဟာ  လက္ဖက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြမွာ အခ်ိန္ကုန္ေနၾကတာပါ။ အဲဒါေၾကာင့္  အစိုးရ အပါအ၀င္ တျခားတာ၀န္ရွိသူေတြက လူငယ္ေတြ စာၾကည့္တိုက္ကိုသြားၾကဖို႕အတြက္ တုိက္တြန္းႏႈိးေဆာ္မႈေတြ လုပ္ေပးဖုိ႔ လိုအပ္ေေနတာ ျဖစ္တယ္လို႔   ဇမၺဴ႕ပညာစာၾကည့္တိုက္ ဥကၠဌကေျပာပါတယ္။

Soundbite – ဦးခင္လႈိင္ (ဥကၠဌ)

ဇမၺဴ႕ပညာစာၾကည့္တိုက္

ဒီလို ေလ်ာ့က်လာတဲ့စာေပဖတ္ရႈႏႈန္းနဲ႕ အတူ စာၾကည့္တိုက္အတတ္ပညာကိုလည္း စိတ္၀င္စားမႈေတြ  ေလ်ာ့နည္း ေနတာေၾကာင့္ အစိုးရဖက္ကဖြင့္လွစ္တဲ့ စာၾကည့္တုိက္ အတတ္ပညာ သင္တန္းေတြကို လူငယ္ေတြအေနနဲ႕စိတ္၀င္တစားတက္သင့္တယ္လို႕လည္းအႀကံျပဳထားတာ ျဖစ္ပါတယ္ ။

Soundbite – ဦးခင္လႈိင္ (ဥကၠဌ)

ဇမၺဴ႕ပညာစာၾကည့္တိုက္

ၿပီးခဲ့တဲ့ႏွစ္က ရန္ကုန္တိုင္းေဒသႀကီးအတြင္း စာဖတ္ၾကစို႕စီမံကိန္းအရ   ေက်ာင္း(၃၃)ေက်ာင္းမွာ စာၾကည့္တိုက္ေတြဖြင့္ခဲ့ၿပီး ဒီႏွစ္မွာေတာ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ရဲ႕ ဘတ္ဂ်တ္နဲ႕ ေက်ာင္း(၁၆)ေက်ာင္းမွာ စာၾကည့္တိုက္ေတြ ဖြင့္ခဲ့တယ္လို႕သိရပါတယ္ခင္ဗ်ာ။

လူငယ်တွေစာဖတ်အားမြင့်တက်ဖို့နဲ့ စာကြည့်တိုက်တွေများပြားလာဖို့က အစိုးရနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဇမ္ဗူ့ပညာစာကြည့်တိုက် က ပြောပါတယ် ။ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

လက်ရှိအချိန်မှာ လူငယ်တွေရဲ့စာဖတ်အားကလျော့နည်းလာသလို စာကြည့်တိုက်တွေဖွင့်လှစ်တဲ့အရေအတွက် ဟာလည်းအရင်က ထက် လျော့နည်းလာတဲ့ အခြေအနေမှာရှိနေတာပါ။

အဲဒီလို အခြေအနေတွကြောင့် လူငယ်တွေအများစုဟာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အချိန်ကုန်နေကြတာပါ။ အဲဒါကြောင့် အစိုးရ အပါအဝင် တခြားတာဝန်ရှိသူတွေက လူငယ်တွေ စာကြည့်တိုက်ကိုသွားကြဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဇမ္ဗူ့ပညာစာကြည့်တိုက် ဥက္ကဌကပြောပါတယ်။

Soundbite – ဦးခင်လှိုင် (ဥက္ကဌ)
ဇမ္ဗူ့ပညာစာကြည့်တိုက်

ဒီလို လျော့ကျလာတဲ့စာပေဖတ်ရှုနှုန်းနဲ့ အတူ စာကြည့်တိုက်အတတ်ပညာကိုလည်း စိတ်ဝင်စားမှုတွေ လျော့နည်း နေတာကြောင့် အစိုးရဖက်ကဖွင့်လှစ်တဲ့ စာကြည့်တိုက် အတတ်ပညာ သင်တန်းတွေကို လူငယ်တွေအနေနဲ့စိတ်ဝင်တစားတက်သင့်တယ်လို့လည်းအကြံပြုထားတာ ဖြစ်ပါတယ်။

Soundbite – ဦးခင်လှိုင် (ဥက္ကဌ)
ဇမ္ဗူ့ပညာစာကြည့်တိုက်

ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စာဖတ်ကြစို့စီမံကိန်းအရ ကျောင်း(၃၃)ကျောင်းမှာ စာကြည့်တိုက်တွေဖွင့်ခဲ့ပြီး ဒီနှစ်မှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဘတ်ဂျတ်နဲ့ ကျောင်း(၁၆)ကျောင်းမှာ စာကြည့်တိုက်တွေ ဖွင့်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)