
0
96




ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာက ဆုတံဆိပ် ၁၃ ခု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာ ကျင်းပတဲ့ ၁၄ ကြိမ်မြောက် ကမ္ဘာ့နဂါးလှေလှော် ပြိုင်ကပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာ့ရိုးရာ လှေလှော်အားကစားအဖွဲ့က ဆုတံဆိပ် ဆွတ်ခူးရယူ နိုင်ခဲ့ပါတယ်။

မြန်မာ့ရိုးရာ လှေလှော်အားကစားအဖွဲ့ဟာ ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ ကစားနည်း ၁၅ မျိုးနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ကစားနည်း ၁၃ မျိုးနဲ့ ဆုတံဆိပ် ၁၃ ခု ရရှိခဲ့တာဖြစ်ပြီး အဲဒီဆုတွေကတော့ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် လေးခု နဲ့ ကြေးတံဆိပ် ငါးခုတို့ပဲ ဖြစ်ပါတယ်။


ကစားသမားအနေနဲ့ အယောက် ၄၀ သွားရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ထိုင်းအသင်း၊ တရုတ်၊ ကနေဒါ နဲ့ သြစတြေးလျ အသင်းတွေကို ကျော်ဖြတ်ပြီးတော့ အခုလို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)