လူငယ်တွေရဲ့ သစ်လွင်တဲ့ ဖန်တီးမှုတွေကို လူကြီးတွေက လက်ကမ်းကြိုသင့်
0
92
လူငယ်တွေရဲ့ သစ်လွင်တဲ့ တွေးခေါ်၊ ဖန်တီးမှုတွေကို လူကြီးတွေက လက်ကမ်းကြိုဆိုသင့်တယ်လို့ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။
တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်စေဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါနေတာ ဖြစ်ပါတယ် ။
အဲဒီလို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့ သစ်လွင်တဲ့ ဖန်တီး၊ တွေးခေါ်မှုတွေကို လူကြီးတွေက လမ်းကမ်းကြိုဆိုသင့်တယ်လို့ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က ပြောပါတယ်။
သြဂုတ်လ၊ ၂၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ လူငယ်သစ်ရှာပုံတော်ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့တာပါ။
Sound Bite: စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)
ဒါအ့ပြင် လူကြီး၊ မိဘတွေကနေ တစ်ဆင့်သင်ကြားခဲ့ရတဲ့ အသိအမြင်တွေကို ပြန်လည်မေးခွန်းထုတ်ပြီး မှားယွင်းတဲ့ အမြင်တွေကို စွန့်ပစ်ဖို့ လိုအပ်နေပါ။ အဲဒါကြောင့် မိမိတို့ အရည်အသွေး၊ မိမိစိတ်ဝင်စားမှုတွေကို ရှာဖွေထုတ်နိ်ုင်မှသာ ထက်မြက်တဲ့ လူငယ်တွေ ဖြစ်လာမယ်လို့ အဆိုတော် ဟန်ထူးလွင်က ပြောပါတယ်။
Sound Bite: ဒေါက်တာဟန်ထူးလွင် (Big Bag)
ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ ဒဿနိကဗေဒဌာနက သင်တန်းသားတွေရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေကို လက်တွေ့အသုံးချနိုင်ကြောင်း ဖော်ထုတ်ပြသတဲ့ ပွဲအခမ်းအနားမှာ ပညာရှင်တွေရဲ့ ဒဿနစကားဝိုင်းအပြင် ကဗျာ၊ ပန်းချီ၊ ပန်းပု၊ တင်ဆက်ခြင်းအနုပညာလက်ရာတွေကိုလည်း သြဂုတ်လ၊ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ နှစ်ရက်တိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)