တစ္ႏွစ္ခြဲ အတြင္း တရားမ၀င္ ယစ္မ်ဳိးလုပ္ကုိင္သူ စုစုေပါင္း ၈၃၁၇ ဦးကုိ အမႈဖြင့္အေရးယူ

0
82

၂၀၁၈ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ ဇူလိုင္လအထိ တရားမ၀င္ ယစ္မ်ဳိးလုပ္ကုိင္သူ စုစုေပါင္း ၈၃၁၇ ဦးကုိ အမႈဖြင့္ အေရးယူခဲ့ေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕ ရုံး ၀န္ႀကီးဌာ ဒုတိယ၀န္ႀကီးဦးတင္ျမင့္က  ေျပာၾကားခဲ့ပါတယ္။

ျပည္ေထာင္စုအစုိးရအဖြဲ႔က ေပးပို႔တဲ့ ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၀န္ႀကီးဌာန အဖြဲ႕အစည္းေတြရဲ႕ ပထမ ေျခာက္လပတ္ အခြန္ရ ေငြစာရင္းေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ႕ေငြစာရင္း ပူးေပါင္းေကာ္မတီရဲ႕ ေလ့လာေတြ႔ရွိခ်က္နဲ႔ သေဘာထား မွတ္ခ်က္အစီရင္ခံစာအပါအ၀င္ လႊတ္ေတာ္ကုိယ္စား လွယ္ေတြရဲ႕ ေဆြးေႏြးခ်က္ေတြအေပၚ ျပည္ေထာင္စုအဖြဲ႕အစည္း၀င္ေတြက ရွင္းလင္းေဆြးေႏြးရာမွာ အခုလုိ ထည့္သြင္းေျပာၾကားခဲ့တာပါ။

၂၀၁၈ ခုႏွစ္အတြင္း တရားမ၀င္ယစ္မ်ဳိး လုပ္ငန္းလုပ္ကိုင္သူ ၅၂၀၂ ဦးကုိ အမႈ ၅၁၈၄ မႈ ၊ ယစ္မ်ဳိးလုိင္စင္ စည္းကမ္းေဖာက္ဖ်က္သူ ၅၇၅ ဦးကုိ အမႈ ၇၅၄ မႈနဲ႔ အမႈဖြင့္ တရားစြဲဆုိ အေရးယူနိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဇူလုိင္လအထိ တရားမ၀င္ ယစ္မ်ဳိးလုပ္ကုိင္သူ ၃၁၁၅ ဦးကုိ အမႈ ၃၀၆၄ မႈ၊ ယစ္မ်ဳိး လုိင္စင္ စည္းကမ္းေဖာက္ဖ်က္မႈ ၃၇၀ ကုိ ၃၆၈ အမႈဖြင့္ တရားစြဲဆုိအေရးယူနုိင္ခဲ့တာ ျဖစ္ေၾကာင္း ဒုတိယ၀န္ႀကီး ဦးတင္ျမင့္က ေျပာပါတယ္။

တစ်နှစ်ခွဲ အတွင်း တရားမဝင် ယစ်မျိုးလုပ်ကိုင်သူ စုစုပေါင်း ၈၃၁၇ ဦးကို အမှုဖွင့်အရေးယူ


၂၀၁၈ခုနှစ်ကနေ ၂၀၁၉ခုနှစ် ဇူလိုင်လအထိ တရားမဝင် ယစ်မျိုးလုပ်ကိုင်သူ စုစုပေါင်း ၈၃၁၇ ဦးကို အမှုဖွင့် အရေးယူခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာ ဒုတိယဝန်ကြီးဦးတင်မြင့်က ပြောကြားခဲ့ပါတယ်။


ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းတွေရဲ့ ပထမ ခြောက်လပတ် အခွန်ရ ငွေစာရင်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေက ရှင်းလင်းဆွေးနွေးရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


၂၀၁၈ ခုနှစ်အတွင်း တရားမဝင်ယစ်မျိုး လုပ်ငန်းလုပ်ကိုင်သူ ၅၂၀၂ ဦးကို အမှု ၅၁၈၄ မှု ၊ ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်သူ ၅၇၅ ဦးကို အမှု ၇၅၄ မှုနဲ့ အမှုဖွင့် တရားစွဲဆို အရေးယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင်လအထိ တရားမဝင် ယစ်မျိုးလုပ်ကိုင်သူ ၃၁၁၅ ဦးကို အမှု ၃၀၆၄ မှု၊ ယစ်မျိုး လိုင်စင် စည်းကမ်းဖောက်ဖျက်မှု ၃၇၀ ကို ၃၆၈ အမှုဖွင့် တရားစွဲဆိုအရေးယူနိုင်ခဲ့တာ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)