
0
103



AUMX ကိုတက်ရောက်ဖို့ တပ်မတော်(ရေ)က ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်ကထွက်ခွာ


ထိုင်းပင်လယ်ကွေ့မှာ ကျင်းပပြုလုပ်မယ့် အာဆီယံ- အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) ကို တက်ရောက်ဖို့ အတွက် တပ်မတော် (ရေ)က ဒုတိယ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တဲ့ စစ်ရေယာဉ် (ကျန်စစ်သား)ဟာ သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတားကနေ ထက်ခွာသွားပါတယ်။


အဆိုပါ အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX)ကို ထိုင်းပင်လယ်ကွေ့မှာ စက်တင်ဘာ ၂ ရက်နေ့ကနေ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံက စစ်ရေယာဉ် (ကျန်စစ်သား) အပါအဝင် နိုင်ငံပေါင်းခုနစ်နိုင်ငံက စစ်ရေယာဉ် နဲ့ စစ်လေယာဉ်တွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)