
0
118




မြောက်ပိုင်းတိုက်ပွဲကို အချိန်မီမဖြေရှင်းရင် ပြည်သူလူထုအတွက် အထိနာနိုင်


အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့တို့အကြား လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကေို အချိန်မီမဖြေရှင်းနိုင်ပါက ပြည်သူလူထုအတွက် အထိနာနိုင်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ပြောပါတယ်။


တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ထိုး တိုင်းရင်သား လက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို သြဂုတ်လ၊ ၂၅ ရက်နေ့က လက်မှတ်ထိုးဖွဲ့စည်းခဲ့ပြီး၊ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။


ဒီထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါဝင်သင့် ပါဝင် ထိုက်တဲ့ အင်အားစုတွေအားလုံး ပါဝင်လာနိုင်မယ့် အခင်းအကျင်း ဖော်ဆောင်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ဖို့အတွက် သက်ဆိုင်ရာ အင်အားစုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက် သွားဖို့ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)