ေက်းလက္ေဒသဖြံ႔ၿဖိဳးေရးအတြက္ ADB ဘဏ္ကေန အေမရိကန္ေဒၚလာ ၅၁ ဒသမ ၂၀ သန္းေက်ာ္ ေခ်းဖုိ႔ ေဆြးေႏြး

0
89

ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္တဲ့ လမ္းပန္းဆက္သြယ္ေရးက႑ အဆင္ေျပေခ်ာေမြ႕ေစဖို႔ အာရွဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္ (ADB) ကေန အေမရိကန္ေဒၚလာ ၅၁ ဒသမ ၂၀ သန္းေက်ာ္ ေခ်းေငြရယူႏုိင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ျပေဆြးေႏြးခဲ့ပါတယ္။

ဒီေဆြးေႏြးမႈကို ၾသဂုတ္လ၊ ၂၆ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ ျပည္ေထာင္စု အဆင့္အဖြဲ႕အစည္း၀င္ေတြက ေဆြးေႏြးခဲ့ၾကတာပါ။ ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု ဒုတိယ၀န္ႀကီး ဦးေက်ာ္တင့္က “ႏုိင္ငံေတာ္အစုိးရရဲ႕ ၂၀၃၀ ခုႏွစ္မွာ ေက်းလက္လမ္း ၈၀ ရာခိုင္ႏႈန္းကို ရာသီမေရြးသြား လာႏုိင္မယ့္ လမ္းေတြျဖစ္ေပၚေစဖို႔ ရည္မွန္းခ်က္ထားေဆာင္ရြက္သြားမွာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ဒီစီမံကိန္းမွာ အာရွဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္ (ADB) မွ ေခ်းေငြနဲ႔ ျမန္မာႏုိင္ငံဘက္က အေမရိကန္ေဒၚလာ ၀.၀၃ သန္း နဲ႔ ဧရာ၀တီတိုင္းေဒသႀကီးက ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္၊ မေကြးတိုင္းထဲက ၄ ၿမိဳ႕နယ္မွာ စီမံကိန္းအႀကိဳေလ့လာ မႈေတြ လုပ္ေဆာင္သြားဖို႔ကိုလည္း ခြင့္ျပဳခ်က္ရယူၿပီးျဖစ္ပါတယ္။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ADB ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်းကျော် ချေးဖို့ ဆွေးနွေး


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေဖို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ကနေ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀သန်းကျော် ချေးငွေရယူနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။


ဒီဆွေးနွေးမှုကို သြဂုတ်လ၊ ၂၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်တွေက ဆွေးနွေးခဲ့ကြတာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်တင့်က “နိုင်ငံတော်အစိုးရရဲ့ ၂၀၃၀ ခုနှစ်မှာ ကျေးလက်လမ်း ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွား လာနိုင်မယ့် လမ်းတွေဖြစ်ပေါ်စေဖို့ ရည်မှန်းချက်ထားဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။


ဒီစီမံကိန်းမှာ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) မှ ချေးငွေနဲ့ မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ ဝ.ဝ၃ သန်း နဲ့ ဧရာဝတီတိုင်းဒေသကြီးက မြို့နယ် ၄ မြို့နယ်၊ မကွေးတိုင်းထဲက ၄ မြို့နယ်မှာ စီမံကိန်းအကြိုလေ့လာ မှုတွေ လုပ်ဆောင်သွားဖို့ကိုလည်း ခွင့်ပြုချက်ရယူပြီးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)