စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်

0
544

ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်၊ အလယ်ကလူ စကားဝဲ၏၊ ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်း ချွဲတတ်တယ်၊ တစ်ပင်တည်းရင်ထဲကနွယ် စတဲ့ အချစ်ဝတ္တုများစွာကိုရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်း (ဦးဝင်းမြင့်မောင်) သည် ၂၇-၆-၂၀၂၀ (ယနေ့) နေ့လယ် ၁၂နာရီ ၁၅ မိနစ်တွင် ပင်လုံဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရပါတယ်။

ဆရာနှမဂြွာသိုငြးကို ၁၉၅၂ ခုနှဈက သာစညမြှို့တှငမြှေးဖှားခဲ့ကာ ၁၉၇၁ ခုနှဈတှငြ အခှခေံပညာအထကတြနြးအောငမြှငပြှီးနောကြ ရနကြုနတြကျကသိုလစြကမြှုတကျကသိုလတြှငြ လွှပစြဈအငဂြငွနြီယာ ဘာသာရပအြထူးပှုဖှင့ြ ပဉျစမနှဈအထိ သငကြှားခဲ့ပါတယြ။ ၁၉၆၉ ခုနှဈက စတငပြှီး သင့ဘြဝ၊ တိုငြးရငြးမေ စတဲ့ စာစောငမြွားတှငြ ကဗွာနှင့ြ ဝတျတုတိုမွားကို ရေးသားခဲ့ကာ ၁၉၇၃ ခုနှဈတှငြ “ပါးကှကကြှားနှင့ြ လပှည့ဝြနြး” ကဗွာလုံးခငွြးထုတဝြခေဲ့ပှီး ၁၉၇၉ ခုနှဈတှငြ “အခစွဆြုံးသူရဲ့အတျတုပတျတိ” အမညရြှိ ဝတျတုဖှင့ြ လုံးခငွြးလောကထဲကို စတငဝြငခြဲ့ခှငြးဖှဈပါတယြ။

အချစ်နဲ့ပက်ရင် စိတ်မဆိုးနဲ့၊ ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်၊ တစ်မျိုးညာနွဲ့ သွေမဖယ် စိုးပါနဲ့မေရယ်၊ လဝန်းကုဋေသာသည့်မြေသို့၊လွမ်းလေကညှင်း၊နှစ်နားကပ်လို့ တိုင်ပင်ချင်တယ်၊ငွေဝန်းသော်တာယုန်သို့၊ ချစ်သူကိုကို ချိုးခဲ့တာ ပျိုပျိုပန်ဆင်စရာ၊ နွေ၏အလွန်၊ ရက်ရွေးမနေနဲ့ကိုကိုရယ်၊ အချစ်ဆုံးလဲဖြစ်ခဲ့ဖူးတယ်၊ မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်၊ တခါတုန်းကတက္ကသိုလ်မှာ၊ အိမ်မက်ကိုတွေ့ရသလိုပဲနော်၊ မိုးရေတက်ရေတဖွေးဖွေး စတဲ့ များစွာသော လုံးချင်းဝတ္တုများ၊ ဝတ္တုတိုများ၊ ကဗျာများနှင့် ရုပ်ရှင်နှင့်ဗီဒိုယိုဇာတ်ညွှန်းများစွာကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာနွမ်ဂျာသိုင်းဟာ ကွယ်လွန်ချိန်မှာ အသက် (၆၈) နှစ်ရှိပြီဖြစ်ကာ နာရေးအစီအစဉ်အား ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

_________________

_________________

စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်

ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်၊ အလယ်ကလူ စကားဝဲ၏၊ ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်း ချွဲတတ်တယ်၊ တစ်ပင်တည်းရင်ထဲကနွယ် စတဲ့ အချစ်ဝတ္တုများစွာကိုရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်း (ဦးဝင်းမြင့်မောင်) သည် ၂၇-၆-၂၀၂၀ (ယနေ့) နေ့လယ် ၁၂နာရီ ၁၅ မိနစ်တွင် ပင်လုံဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရပါတယ်။

ဆရာနွမ်ဂျာသိုင်းကို ၁၉၅၂ ခုနှစ်က သာစည်မြို့တွင်မွေးဖွားခဲ့ကာ ၁၉၇၁ ခုနှစ်တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်စက်မှုတက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်အထူးပြုဖြင့် ပဉ္စမနှစ်အထိ သင်ကြားခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်က စတင်ပြီး သင့်ဘဝ၊ တိုင်းရင်းမေ စတဲ့ စာစောင်များတွင် ကဗျာနှင့် ဝတ္တုတိုများကို ရေးသားခဲ့ကာ ၁၉၇၃ ခုနှစ်တွင် “ပါးကွက်ကြားနှင့် လပြည့်ဝန်း” ကဗျာလုံးချင်းထုတ်ဝေခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် “အချစ်ဆုံးသူရဲ့အတ္တုပတ္တိ” အမည်ရှိ ဝတ္တုဖြင့် လုံးချင်းလောကထဲကို စတင်ဝင်ခဲ့ခြင်းဖြစ်ပါတယ်။

အချစ်နဲ့ပက်ရင် စိတ်မဆိုးနဲ့၊ ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်၊ တစ်မျိုးညာနွဲ့ သွေမဖယ် စိုးပါနဲ့မေရယ်၊ လဝန်းကုဋေသာသည့်မြေသို့၊လွမ်းလေကညှင်း၊နှစ်နားကပ်လို့ တိုင်ပင်ချင်တယ်၊ငွေဝန်းသော်တာယုန်သို့၊ ချစ်သူကိုကို ချိုးခဲ့တာ ပျိုပျိုပန်ဆင်စရာ၊ နွေ၏အလွန်၊ ရက်ရွေးမနေနဲ့ကိုကိုရယ်၊ အချစ်ဆုံးလဲဖြစ်ခဲ့ဖူးတယ်၊ မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်၊ တခါတုန်းကတက္ကသိုလ်မှာ၊ အိမ်မက်ကိုတွေ့ရသလိုပဲနော်၊ မိုးရေတက်ရေတဖွေးဖွေး စတဲ့ များစွာသော လုံးချင်းဝတ္တုများ၊ ဝတ္တုတိုများ၊ ကဗျာများနှင့် ရုပ်ရှင်နှင့်ဗီဒိုယိုဇာတ်ညွှန်းများစွာကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာနွမ်ဂျာသိုင်းဟာ ကွယ်လွန်ချိန်မှာ အသက် (၆၈) နှစ်ရှိပြီဖြစ်ကာ နာရေးအစီအစဉ်အား ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)