ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနဲ့ ရဲအရာရှိ (၄) ဦးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်

0
631

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနဲ့ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်မျိုးဦး အပါအဝင် ရဲအရာရှိ (၄) ဦးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ခြင်းပါ။

လွှဲပြောင်းစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို (ပ/၅၁၉၉) ဟာ တရားမဝင် ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကျပ် ၃သိန်းကို လည်းကောင်း ၊ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်မျိုးဦး (ရဲ ၄၃၀၂) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူတွေထံမှ ငွေကျပ် ၅ သိန်းခွဲ ကိုနှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ကျွန်းလှမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သန်းထိုက် (ရဲ ၅၀၀၃) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံကနေ ငွေကျပ် ၇ သိန်းခွဲကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ (၇) ဦး တို့ထံကနေ ငွေကျပ် ၂၉၀,ဝဝဝကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ် မျိုးလွင် (လ ၁၉၉၂၁၂) ဟာ ငွေကျပ် ၂ သိန်းခွဲကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ရဲလင်း (လ ၂၂၂၈၈၇) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံကနေ ငွေကျပ် ၂ သိန်းကိုလည်းကောင်း၊ လက်ခံရယူခဲ့တာဖြစ်လို့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တဲ့ ပြစ်မှုထင်ရှားခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အဆိုပါ (၅)ဦး အပေါြ အဂတိလိုကစြားမှု တိုကဖြကွရြေးဥပဒေ ပုဒမြ ၅၆ အရ စဈကိုငြးတိုငြးဒသကှေီး၊ ကွှနြးလှမှို့၊ မှို့မရဲစခနြးမှာ မလေ ၂၆ ရကနြေ့က ပထမသတငြးပေး တိုငကြှားခကွြ ဖှင့လြှဈတရားစှဲဆို အရေးယူနိုငဖြို့ ဆောငရြှကနြတယေလြို့ သတငြးထုတပြှနထြားပါတယြ။

___________________

___________________

ဒုတိယမွို့နယျ အုပျခြုပျရေးမှူး ဦးစိုးကိုကိုနဲ့ ရဲအရာရှိ (၄) ဦးတို့အပေါျ အဂတိလိုကျစားမှု တိုကျဖကြျရေး ဥပဒနေဲ့အမှုဖှငျ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနဲ့ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်မျိုးဦး အပါအဝင် ရဲအရာရှိ (၄) ဦးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ခြင်းပါ။

လွှဲပြောင်းစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို (ပ/၅၁၉၉) ဟာ တရားမဝင် ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကျပ် ၃သိန်းကို လည်းကောင်း ၊  ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်မျိုးဦး (ရဲ ၄၃၀၂) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူတွေထံမှ ငွေကျပ် ၅ သိန်းခွဲ ကိုနှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ကျွန်းလှမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သန်းထိုက် (ရဲ ၅၀၀၃) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံကနေ ငွေကျပ် ၇ သိန်းခွဲကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ (၇) ဦး တို့ထံကနေ ငွေကျပ် ၂၉၀,၀၀ဝကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ် မျိုးလွင် (လ ၁၉၉၂၁၂) ဟာ ငွေကျပ် ၂ သိန်းခွဲကို သုံးကြိမ်ခွဲပြီးလည်းကောင်း၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ရဲလင်း (လ ၂၂၂၈၈၇) ဟာ တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံကနေ ငွေကျပ် ၂ သိန်းကိုလည်းကောင်း၊ လက်ခံရယူခဲ့တာဖြစ်လို့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တဲ့ ပြစ်မှုထင်ရှားခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အဆိုပါ (၅)ဦး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ မြို့မရဲစခန်းမှာ မေလ ၂၆ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)