ဘဂၤါလီ အေရး စံုစမ္းစစ္ေဆးေရး အဖြဲ႔ ICC ဖြဲ႔စည္း

0
204

ဘဂၤါလီ မြတ္စလင္ေတြအေပၚ က်ဴးလြန္ရဲ႕ ရာဇဝတ္မႈေတြကို စံုစမ္းစစ္ေဆးေရးဖို႔ အဖြဲ႔တစ္ဖြဲ႔ကို ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) က ဇြန္လ ၂၆ ရက္ေန႔မွာ ဖြဲ႔စည္းေပးလိုက္ပါတယ္။

ICC အဖြဲ႔ဝင္ႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္မွာ သက္ေသအေထာက္အထား ရွာေဖြဖို႔ စံုစမ္းစစ္ေဆးခြင့္ကို ေရွ႕ေန ဖာတို ဘင္ဆိုဒါက တရားသူႀကီးေတြထံ ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ ICC က တရားသူႀကီး သံုးဦးပါ အဖြဲ႔ကို ဖြဲ႔စည္းေပးလိုက္ၿပီး သူတို႔ကေတာ့ ေရာဘတ္ ဖရီမာ၊ အိုလ္ဂါ ဟာရီရာ ကာဘက္စီယာနဲ႔ ဂ်က္ဖရီ ဟန္ဒါဆန္တို႔ ျဖစ္ေၾကာင္း ICC ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီစံုစမ္းစစ္ေဆးမယ့္ အဖြဲ႔ဟာ ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ ပထမဆံုး ႏိုင္ငံတကာ တရား႐ံုးရဲ႕ လုပ္ေဆာင္မႈ ျဖစ္လာမွာပါ။

ICC က ေစလႊတ္လိုက္တဲ့ ကနဦး စံုစမ္းေလ့လာေရး အဖြဲ႔ရဲ႕ မတ္လ ၆ ကေန မတ္လ ၁၁ ရက္အထိ ပထမအႀကိမ္ခရီးစဥ္ ၿပီးဆံုးခဲ့ၿပီး ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဘဂၤါလီ မြတ္စလင္ေတြကိစၥ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) တင္ဖို႔ လုပ္ေဆာင္ေနတာဟာ အက်ိဳးမရွိ၊ ပယ္ဖ်က္သင့္တယ္လို႔ ျမန္မာအစိုးရက တုံ႔ျပန္ထားၿပီး ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ မွတ်စလင်တွေအပေါ် ကျူးလွန်ရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရေးဖို့ အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) က ဇွန်လ ၂၆ ရက်နေ့မှာ ဖွဲ့စည်းပေးလိုက်ပါတယ်။

ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ သက်သေအထောက်အထား ရှာဖွေဖို့ စုံစမ်းစစ်ဆေးခွင့်ကို ရှေ့နေ ဖာတို ဘင်ဆိုဒါက တရားသူကြီးတွေထံ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ICC က တရားသူကြီး သုံးဦးပါ အဖွဲ့ကို ဖွဲ့စည်းပေးလိုက်ပြီး သူတို့ကတော့ ရောဘတ် ဖရီမာ၊ အိုလ်ဂါ ဟာရီရာ ကာဘက်စီယာနဲ့ ဂျက်ဖရီ ဟန်ဒါဆန်တို့ ဖြစ်ကြောင်း ICC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီစုံစမ်းစစ်ဆေးမယ့် အဖွဲ့ဟာ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ ပထမဆုံး နိုင်ငံတကာ တရားရုံးရဲ့ လုပ်ဆောင်မှု ဖြစ်လာမှာပါ။

ICC က စေလွှတ်လိုက်တဲ့ ကနဦး စုံစမ်းလေ့လာရေး အဖွဲ့ရဲ့ မတ်လ ၆ ကနေ မတ်လ ၁၁ ရက်အထိ ပထမအကြိမ်ခရီးစဉ် ပြီးဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကိစ္စ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) တင်ဖို့ လုပ်ဆောင်နေတာဟာ အကျိုးမရှိ၊ ပယ်ဖျက်သင့်တယ်လို့ မြန်မာအစိုးရက တုံ့ပြန်ထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)