လွိုင်လင်မြို့နယ်မှာ ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ ICE တွေ ဖမ်းဆီးရမိ

0
317

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့မှာ ငွေကျပ် ၄၀ ဘီလီယံ တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲဟာ သတင်းအရ မေလ ၂၄ ရက်နေ့ မနက် ၂ နာရီအချိန်က သက်သေတွေနဲ့အတူ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင် – တောင်ကြီး ကားလမ်းမှာ ခွန်စံဦး မောင်းနှင်ပြီး ဝေလင်းထွန်း လိုက်ပါလာတဲ့ ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်အတွင်းက ICE ၁,၆၁၅ ကီလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။


___________________

___________________

လွိုင်လင်မြို့နယ်မှာ ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ ICE တွေ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့မှာ ငွေကျပ် ၄၀ ဘီလီယံ တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲဟာ သတင်းအရ မေလ ၂၄ ရက်နေ့  မနက် ၂ နာရီအချိန်က သက်သေတွေနဲ့အတူ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင် – တောင်ကြီး ကားလမ်းမှာ ခွန်စံဦး မောင်းနှင်ပြီး ဝေလင်းထွန်း လိုက်ပါလာတဲ့ ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်အတွင်းက ICE  ၁,၆၁၅ ကီလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ခွန်စံဦး (၄၃) နှစ်၊ ဝေလင်းထွန်း (၃၇) နှစ် တို့ကို စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှာ ပါဝင် ပတ်သက်သူတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကျွန်းချောင်းအုပ်စု၊ လေးဖာထော ကျေးရွာနေ ကိုသူ (ခ) မြင့်သူ၊ ကိုဖြူနဲ့ မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာနေ ကိုစိုင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)