မူဆယ်မြို့မှာ အသံမိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် လက်ပစ်ဗုံး ၄ လုံး ထပ်မံတွေ့

0
251

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ အသံမိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် နာရီပိုင်းအတွင်း လက်ပစ်ဗုံး ၄ လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မူဆယ်မြို့၊ မန့်ဝန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် ၁ လမ်းနဲ့ ၂ လမ်းကြား၊ လမ်းသွယ် ၂ ရှိ၊ မန့်ဝန်း ၃၂၄ ရပ်ကွက်မှာရှိတဲ့ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အနီးမှာ အသံမိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမှာ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေ ပူးပေါင်းစစ်ဆေးမှု ပြုလုပ်နေစဉ် KTV ဝန်ထမ်း မောင်းနှင်လာတဲ့ ကားနောက်ဖုံး အံဝှက်အတွင်းကနေ လက်ပစ်ဗုံး ၄ လုံးကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။


____________________

____________________

မူဆယ်မြို့မှာ အသံမိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် လက်ပစ်ဗုံး ၄ လုံး ထပ်မံတွေ့ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ အသံမိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် နာရီပိုင်းအတွင်း လက်ပစ်ဗုံး ၄ လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မူဆယ်မြို့၊ မန့်ဝန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် ၁ လမ်းနဲ့ ၂ လမ်းကြား၊ လမ်းသွယ် ၂ ရှိ၊ မန့်ဝန်း ၃၂၄ ရပ်ကွက်မှာရှိတဲ့ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အနီးမှာ အသံမိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမှာ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေ ပူးပေါင်းစစ်ဆေးမှု ပြုလုပ်နေစဉ် KTV ဝန်ထမ်း မောင်းနှင်လာတဲ့ ကားနောက်ဖုံး အံဝှက်အတွင်းကနေ လက်ပစ်ဗုံး ၄ လုံးကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် သက်ဆိုင်ရာကနေ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)