တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှုတ်ပြောနဲ့ မရနိုင်ဟု ကြံ့ခိုင်ရေးပါတီဆို

0
352

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နှုတ်ပြောနဲ့ မရနိုင်ဘူးလို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။

အဲ့ဒီပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မေလ ၂၆ ရက်နေ့ ပဲခူးတိုင်း (အရှေ့ပိုင်း) ခရီးစဉ်မှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ နိုင်ငံသား အခွင့်အရေးတွေကို တောင်ပေါ်-မြေပြန့်၊ ပြည်နယ်-ပြည်မ မခွဲခြားဘဲ ရရှိခံစားနိုင်အောင် တာဝန်ရှိတယ်လို့လည်း ဝေဖန်ထားတာပါ။

ဒါအပြင် ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်သွားလာရေး၊ လူမှုရေး၊ လျှပ်စစ်စတဲ့ အရာတွေအတွက် အခွင့်အရေးတန်းတူ ခံစားနိုင်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)