ပုဒ်မ ၆၆ဃ ကိုသလျော်တဲ့ကာတွန်းပြပွဲပြုလုပ်

0
438

ဆက်သွယ်ရေးပုဒ်မ ၆၆ဃ ကိုသလျော်တဲ့ကာတွန်းပြပွဲကို မေလ ၂၇ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့လှည်းတန်းပန်းခြံမှာပြုလုပ်ခဲ့ပါ တယ်။

ပြပွဲမှာ ကာတွန်းဆရာ၂၂ ဦးရဲ့ ကာတွန်းပေါင်း ၃၀ကိုပြသခဲ့တာပါ။

ကာတွန်းတွေနဲ့ပတ်သက်ပြီးကာတွန်းဆရာမောင်မောင်ဖောင်တိန်က ပြည်သူတွေ မျက်စိပိတ် နားပိတ် ပြောရေးဆိုခွင့်ပိတ်ပင်ခံရတဲ့အခြေ အနေက လွန်မြောက်သင့်ပြီလို့ပြောပါတယ်။ 

နိုင်ငံရေးတက်ကြွသူမောင်ဆောင်းခကလည်း နိုင်ငံရေးလှုပ်ရှားသူတွေ ကို ဦးတည်ပိတ်ဆို့နေတဲ့ ပုဒ်မ ၆၆ဃ ကိုအပြီးတိုင်ဖယ်ရှားသင့်ပြပီလို့ ပြောပါတယ်။

ပြပွဲကိုမေလ ၂၇ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ သုံးရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)