သဘာဝ ဘေးအန္တရာယ် စီမခံခန့်ခွဲမှု အတွက် ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ ၁၂၅ သန်း ချေးမယ်

0
281

အရှေ့တောင် အာရှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းကိုအကောင်အထည် ဖော်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန် ဒေါ်လာ ၁၂၅ သန်းချေးယူဖို့ ပြည်ထောင်စု လွှတ်တော်က သဘောတူလိုက်ပါတယ်။

မြို့ပြရေကြီး ရေလျှံမှု အန္တရာယ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးရန်ကုန်မြို့ရဲ့ အခြေခံ အဆောက်အအုံတွေဟာ စိုးရိမ်ဖွယ်ဖြစ်ပြီးမြို့ပြဝန်ဆောင်မှုတွေဟာလည်း မြို့နေပြည်သူတွေကို လွှမ်းခြုံနိုင်စွမ်းမရှိတာကို ရင်ဆိုင်နေရတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ တင်ပြရှင်းလင်းပါတယ်။

 

ရန်ကုန်မြို့ဟာ ဂျီဒီပီရဲ့ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပြီး ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေ ၇ ဒသမ ၃၆ သန်း ရှိနေပါတယ်။

ရန်ကုန်မြို့တော် စည်ပင်က ရေဖြန့်ဝေတာ၊ ရေဆင်းမြောင်းတွေ ထိန်းသိမ်းတာ၊ရေဆိုးထုတ်တာနဲ့ အမှိုက်စီမံခန့်ခွဲတာတွေ တာဝန်ယူထားပြီး ကမ္ဘာ့ဘဏ်ချေးငွေကို ရေဖိုးရေခကနေ ပြန်လည်ပေးဆပ်နိုင်စွမ်းရှိလို့ ရန်ကုန်မြို့ကိုရွေးချယ်ထားတယ်လို့လည်း ဒု ဝန်ကြီးက ပြောပါတယ်။

ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းဟာ ၆ နှစ် ကြာမှာ ဖြစ်ပြီးလမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်မြို့နယ်တွေက တိုက်ရိုက် အကျိုးခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)