နျူကလီးယား သုတေသနနဲ့ သင်ကြားရေး RCA စာချုပ်သစ် မြန်မာ လက်မှတ်ထိုးမယ်

0
255

နျူကလီးယား သိပ္ပံနှင့် နည်းပညာ သုတေသန၊ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်သင်ကြားရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၁၉၇၈ RCA အစားထိုး ၂၀၁၇ RCA ကို မြန်မာက ဆက်လက် ပါဝင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

RCA သဘောတူစာချုပ်မှာ ဆက်လက်ပါဝင်ဖို့ ဝါးခယ်မ အမတ် ဦးဇော်သိန်း၊ စစ်တပ်ပြည်သူ့အမတ် ဒု ဗိုလ်မှူးကြီး ဇော်ထွန်းဦး၊ ကျောက်ဆည် အမတ် ဒေါက်တာတင်အောင်၊ ဖာပွန်အမတ် ဦးစောထွန်းမြအောင် နဲ့ မြဝတီ အမတ်ဦးစိန်ဗိုလ်တို့က ထောက်ခံ ဆွေးနွေးပါတယ်။

စာချုပ်မှာ ဆက်လက် လက်မှတ်ရေးထိုးဖို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်ပြပြီး လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)