ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ထက် ကျပ်ငွေ ဘီလီယံပေါင်း ၁၈၀၀ ကျော် ပိုမိုချေးယူခဲ့

0
317

ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုထားတာထက် ပြည်တွင်း/ပြည်ပကနေ ကျပ်ငွေ ဘီလီယံပေါင်း ၁၈၀၀ ကျော် ပိုမိုချေးယူခဲ့တယ်လို့ လွှတ်တော်က ဝေဖန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

မလ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်မှာ ဝေဖန်လိုက်တာပါ။

အဲ့ဒီသဘောထားမှတ်ချက်မှာတော့ ပြည်ထောင်စုရဲ့ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးငွေ ဘီလီယံ ၃၉၀၀ ကျော်သာ ခွင့်ပြုထားပေမယ့် အစိုးရအနေနဲ့ ဘီလီယံ ၅၇၀၀ ကျော် ချေးယူခဲ့တာပါ။

ဒါကြောင့် ခွင့်ပြုထားတာထက် ဘီလီယံ ၁၈၀၀ ကျော် ပိုမိုချေးယူခဲ့တာလဲ ဖြစ်ပါတယ်။ ဒီလိုပိုမိုချေးယူခဲ့တဲ့အပေါ် အစိုးရအဖွဲ့အနေနဲ့ ဘတ်ဂျက်လိုငွေ ဂျီဒီပီရဲ့ ၅ % ထက် ကျော်လွန်မှုမရှိအောင် ဆောင်ရွက်ရာမှာ ဥပဒေပြဋ္ဌာန်းချက်တွေ၊ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)