NCA ကို မပြင်ပဲ လက်မှတ်မထိုးဟု မြောက်ပိုင်း ၇ ဖွဲ့ ပြောကြား   

0
283

တစ်နိုင်ငံလုံး ပစ်ခက်တိုက်ခိုက်မှုရပ်ဆိုင်းရေး သဘောတူစာချုပ် NCA ကို မပြင်ဆင်ပဲ လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ မြောက်ပိုင်း ၇ ဖွဲ့က ပြောကြားလိုက်ပါတယ်။

မလ ၂၆ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီး မြောက်ပိုင်း ၇ ဖွဲ့မှာ ပါဝင်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီရဲ့ ပြည်နယ်ပြင်ပဆက်ဆံရေးဌာန အကြီးအကဲ ကျောက်ကော့အန်းက သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ NCA စာချုပ်နဲ့ မြောက်ပိုင်း ၇ ဖွဲ့ ပြင်ဆင်ထားတာတွေနဲ့ မတူညီတာတောင့် ပြန်လည်ပြင်ဆင်ပြီးမှပဲ ရေးထိုးနိုင်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါအပြင် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ အတွင်းရေးမှူး တာပန်လှကလည်း နိုင်ငံရေးဆွေးနွေးပွဲ လုပ်နေတဲ့ တစ်ပြိုင်တည်းမှာပဲ မြေပြင်မှာလည်း ထိုးစစ်တွေ ရုပ်သိမ်းပေးဖို့ လိုအပ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)