COVID-19 အတည်ပြုလူနာတွေကို ဝန်ဆောင်မှုပေးဖို့ ပညာရေးဝန်ကြီးဌာနက စက်ရုပ်တွေ ပြုလုပ် လှူဒါန်း

0
524

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး အထောက်အကူ စက်ရုပ်အမျိုးအစားဖြစ်တဲ့ Trolley Robot (TR201) နဲ့ Container Robot (CR201) တို့ကို ပညာရေးဝန်ကြီးဌာနက COVID-19 ကုသရေးဌာန ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) သို့ လှူဒါန်းခဲ့ပါတယ်။

အထောက်အကူပြု စက်ရုပ်ပစ္စည်းတွေကို ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်း၊ နည်းပညာ တက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီနဲ့ အဖွဲ့တို့က သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကုသရေးစင်တာတွေမှာ အတည်ပြုလူနာရှင်နဲ့ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ရိုက် ထိတွေ့မှု လျှော့ချနိုင်ဖို့ ဒီစက်ရုပ်တွေကို ပြုလုပ်လှူဒါန်းတာလို့ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီက ပြောပါတယ်။

ဒီစက်ရုပ်တွေကို အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတို့အကြား နေ့စဉ် မနက်၊ နေ့လယ်၊ ညနေတို့မှာ အစားအသောက်နဲ့ ဆေးဝါးပေးပို့မှု အနည်းဆုံး ခြောက်ကြိမ် ထိတွေ့မှု လျှော့ချနိုင်မှာပါ။

အထောက်အကူပြု စက်ရုပ်တွေကို နည်းပညာတက္ကသိုလ် နှစ်ခုက တာဝန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဆေးဝါး၊ အစားအသောက်၊ စွန့်ပစ်ပစ္စည်းတွေကို လူနာတွေရဲ့ အခန်းရှေ့အထိ အလိုအလျောက် သယ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့၊ မနက် ၇ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲ အတည်ပြု လူနာတွေအနက် ရောဂါပိုးကင်းစင်သူ ၁၀ ဦးနဲ့ သေဆုံးလူနာ ၅ ဦး ရှိပါတယ်။

___________________

___________________

COVID-19 အတည်ပြုလူနာတွေကို ဝန်ဆောင်မှုပေးဖို့ ပညာရေးဝန်ကြီးဌာနက စက်ရုပ်တွေ ပြုလုပ် လှူဒါန်း

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး အထောက်အကူ စက်ရုပ်အမျိုးအစားဖြစ်တဲ့ Trolley Robot (TR201) နဲ့ Container Robot (CR201) တို့ကို ပညာရေးဝန်ကြီးဌာနက COVID-19 ကုသရေးဌာန ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) သို့ လှူဒါန်းခဲ့ပါတယ်။

အထောက်အကူပြု စက်ရုပ်ပစ္စည်းတွေကို ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်း၊ နည်းပညာ တက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီနဲ့ အဖွဲ့တို့က သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကုသရေးစင်တာတွေမှာ အတည်ပြုလူနာရှင်နဲ့ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ရိုက် ထိတွေ့မှု လျှော့ချနိုင်ဖို့ ဒီစက်ရုပ်တွေကို ပြုလုပ်လှူဒါန်းတာလို့ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီက ပြောပါတယ်။

ဒီစက်ရုပ်တွေကို အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတို့အကြား နေ့စဉ် မနက်၊ နေ့လယ်၊ ညနေတို့မှာ အစားအသောက်နဲ့ ဆေးဝါးပေးပို့မှု အနည်းဆုံး ခြောက်ကြိမ် ထိတွေ့မှု လျှော့ချနိုင်မှာပါ။

အထောက်အကူပြု စက်ရုပ်တွေကို နည်းပညာတက္ကသိုလ် နှစ်ခုက တာဝန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဆေးဝါး၊ အစားအသောက်၊ စွန့်ပစ်ပစ္စည်းတွေကို လူနာတွေရဲ့ အခန်းရှေ့အထိ အလိုအလျောက် သယ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဧပြီလ ၂၇ ရက်နေ့၊ မနက် ၇ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲ အတည်ပြု လူနာတွေအနက် ရောဂါပိုးကင်းစင်သူ ၁၀ ဦးနဲ့ သေဆုံးလူနာ ၅ ဦး ရှိပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)