ရန်ကုန်မြို့ ပန်းခြံတွေထဲက မြေငှားရမ်းမှု နိုင်ငံတော် နစ်နာ

0
508

ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြိုင်ဟေဝန်နဲ့ ကန်တော်မင်္ဂလာ ပန်းခြံတို့မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေဟာ အမှန်တကယ် ဆောင်ရွက်သူတွေကို တိုက်ရိုက်ငှားရမ်းထားတာ မဟုတ်ဘဲ အလွန်သက်သာတဲ့ နှုန်းထားနဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေးအသင်းကနေတစ်ဆင့် ငှားရမ်းထားတာ ဖြစ်တယ်လို့ ရန်ကုန် လွှတ်တော်မှာ တင်ပြသွားပါတယ်။

မနေ့က ဧပြီ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ ရန်ကုန်လွှတ်တော် အစည်းအဝေးမှာ ရန်ကုန် စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၆-၂၀၁၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြိုင်ဟေဝန်နဲ့ ကန်တော်မင်္ဂလာ ပန်းခြံတို့မှာ ဖွင့်ထားတဲ့ ရွိုင်ယယ် ဂါးဒန်း၊ ဘန်ကောက် ကစ်ချင်း၊ ဝှိုက် ရိုက်စ်၊ ဝက်စ်တန်ပါ့ခ်၊ ဒေါ်လ်ဖင်၊ ရွှေဘဲ စားသောက်ဆိုင်နဲ့ ဟက်ပီးဝါးလ် ကစားကွင်းတွေမှာ အမှန်တကယ် ဆောင်ရွက်သူတွေကို တိုက်ရိုက်ငှားထားတာ မဟုတ်ဘဲနဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းကနေ တစ်ဆင့် ငှားထားတာ ဖြစ်ပြီး တစ်စတုရန်းပေကို တစ်လငှားရမ်းခ ၁၂ ကျပ်ကျော်သာ ကျတယ်လို့ ဦးတင့်လွင်က ပြောခဲ့ပါတယ်။

ကရဝိတ် ဥယျာဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီကို ငှားရမ်းခဟာ လက်ရှိပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင် တစ်လကို ကျပ်သန်း ၁၆၆၀ နစ်နာနေပါတယ်။ တစ်နှစ်ကို ဆိုရင် ကျပ် ၁၉၉၂ ဘီလီယံအထိ နိုင်ငံတော်က နစ်နာတာ ဖြစ်ပါတယ်။

မြကျွန်းသာအတွင်း ဈေးသက်သာစွာနဲ့ စီးပွားဖြစ် လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုလည်း အစိုးရက ရပ်တန့်ခိုင်းထားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)