သင်္ကြန်ပိတ်ရက်များအတွင်း အွန်လိုင်းမှအလုပ်လျှောက်ထားသူ ၁၅၀၀ နီးပါးခန့်ရှိ

0
379

ဧပြီလသင်္ကြန်ပိတ်ရက်တွေမှာ အွန်လိုင်းကနေ အလုပ်လျှောက်ထားတဲ့သူအရေအတွက် ၁၅၀၀ လောက်ရှိကြောင်း အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mmက ထုတ်ပြန်လိုက်ပါတယ်။

နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရင်တွေမှာတရက်ကို အလုပ်လျှောက်ထားသူ (၁၅၀)ခန့်ဖြစ်ပြီး  သာမန် ရက်တွေထက် အလုပ်လျှောက်သူရာကိုင်နုန်း ၁.၆ရာခိုင်နှုန်းလောက်သာကျဆင်းခဲ့တာပါ။

 အဲ့ဒီရက်တွေမှာ အလုပ်လျှောက်ထားသူ အများစုက အင်ဂျင်နီယာလုပ်ငန်းနဲ့ ဆက်စပ်အလုပ်တွေကို လျှောက်ထားတာ အများဆုံးဖြစ်ပြီး အခြားအလုပ်အကိုင်တွေဖြစ်တဲ့ အိုင်တီ ငွေကြေးနှင့်စာရင်းကိုင်အလုပ် လုပ်ငန်းစီမံခန့်ခွဲရေးအလုပ်အကိုင် ဈေးကွက်ရှာဖွေရေးအလုပ် အကိုင်တွေကိုလည်း လျှောက်ထားကြပါတယ်။

အလုပ်လျှောက်ထားသူတွေထဲမှာ  ရန်ကုန်မှအများဆုံးဖြစ်ပြီး ရခိုင်၊နေပြည်တော်၊ဘားအံ၊မကွေးနှင့် ပဲခူး၊မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ပုဂံ၊မြစ်ကြီးနားနှင့်တာချီလိတ်မြို့တွေကလည်း  လျှောက်ထားကြကြောင်း work.com.mmကထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)