မြကျွန်းသာ အတွင်းက စီးပွားရေး စီမံကိန်းတွေရဲ့ မြေငှားခကို လက်မခံတော့

0
329

တစ်စတုရန်းပေ ၁ ထောင်ကျပ် ပေါက်ဈေးရှိပေမယ့် အရင် အစိုးရလက်ထက်မှာ တစ်စတုရန်းပေကို ၂၅ ကျပ်နဲ့ ငှားပြီး စီးပွားရေး လုပ်ငန်းအတွက် အဆောက်အအုံတွေ ဆောက်နေတဲ့ မြကျွန်းသာထဲက စီမံကိန်းတွေရဲ့ မြေငှားခတွေကို လက်မခံတော့ဘဲ အခု ဘဏ္ဍာရေးနှစ်မှာ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး စီမံကိန်းတွေကိုတော့ မနှစ်က ၂၀၁၆ ခုနှစ်မှာ ရပ်ထားတာ ဖြစ်ပြီး မြေငှားခ ပေးသွင်းမှုတွေကို အခု ဘဏ္ဍာရေးနှစ် ၂၀၁၇-၂၀၁၈ မှာ လက်မခံတော့ဘဲ ရပ်ဆိုင်းတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) က တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧပြီ ၂၆ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း စီးပွားဖြစ် အဆောက်အအုံတွေ ဆောက်လုပ်တာ ပြည်သူတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးခြင်း ဖြစ်ပြီး စီးပွားရေး အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သင့်၊ မသင့်ကို စဉ်းစားဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မတရားတဲ့ဈေးနဲ့ ရယူထားတဲ့ ကုမ္ပဏီ ၈ ခုကြောင့် နိုင်ငံတော်ဟာ တစ်နှစ်ကို ကျပ် ၂၁ သန်းကျော် နစ်နာနေကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာ တင်ထားပါတယ်။

မြကျွန်းသာဥယျာဉ်မှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကုမ္ပဏီတွေကတော့ Max Myanmar Group, Eden Group, Inya Palace, Magic Land, Nay La Pwint Services ကုမ္ပဏီ, MGS Resort and Entertainment ကုမ္ပဏီ, Good Shan Brothers နဲ့ RyuJi ကုမ္ပဏီတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)