ရုပ်သံ Content Provider အတွက် တကယ်လုပ်နိုင်မယ့် ကုမ္ပဏီကို ရွေးချယ်တာလို့ ညွှန်ချုပ်ပြော

0
347

ရုပ်သံ Content Provider အတွက် ကုမ္ပဏီ ရွေးချယ်ရာမှာ တကယ်လုပ်နိုင်မယ့် ကုမ္ပဏီ ၅ ခုကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

နေပြည်တော်မှာ မနေ့က ဧပြီ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ပထမ တစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြန်လည် ဖြေကြားတာ ဖြစ်ပါတယ်။

ရုပ်သံ Content Provider ရွေးချယ်ရာမှာ ပေးနိုင်တဲ့ Channel က ၅ ခုပဲ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲ တရားမျှတစွာ မှန်မှန်ကန်ကန် ရွေးချယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

Content Provider ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ခိုင်မာမှု၊ တရားဥပဒေ လိုက်နာမှု၊ လက်ရှိ ထုတ်ပြန်တဲ့ မူဝါဒနဲ့ နောင်အခါ အားလျော်စွာ ထုတ်ပြန်မယ့် မူဝါဒတွေ လိုက်နာနိုင်မှု၊ လိုအပ်တဲ့ ငွေကြေး ပေးချေနိုင်မှု၊ ပစ္စည်းတွေ ဝယ်ယူတပ်ဆင်နိုင်မှု ရှိ၊ မရှိ အသေးစိတ် မေးမြန်းခဲ့တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)