ကမ္ဘာ့ဆန်ဈေးကွက်မှာ နိုင်ငံပေါင်း ၅၃ နိုင်ငံအထိ ဈေးကွက် ပြန်ချိတ်ဆက်

0
296

မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး တင်ပို့ရောင်းချမှုအတွက် ကမ္ဘာ့ဆန်းဈေးကွက်ကို ပြန်လည်ချိတ်ဆက်ရာမှာ အာဖရိက ဆန်ဈေးကွက် အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံအထိ ဈေးကွက် တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် ကမ္ဘာ့ဆန်စပါး ညီလာခံကို မြန်မာကလည်း တက်ရောက်ခဲ့ပြီး အဲဒီလို ဈေးကွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့်က မနေ့က ဧပြီ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ပထမ တစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ဈေးကွက်တွေကို ချိတ်ဆက်နိုင်ရေးအတွက် အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံတို့မှာ စီးပွားရေးသံမှူးတွေကို ခန့်အပ်ထားပါတယ်။

မြန်မာ့လယ်ယာထွက်ကုန် တွေကို ဥရောပသမဂ္ဂ ၂၈ နိုင်ငံ အပါအဝင် သြစတြေးလျ၊ ဘယ်လာရုစ်၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ တူရကီ၊ ဂျပန်၊ အမေရိကန်တို့နဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ရရှိထားတဲ့အတွက် ကုန်ပစ္စည်းတွေ တိုးတက် တင်ပို့နိုင်ရေး ညှိနိှုင်းဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)