ရခိုင်မှာ ကိုယ်ဝန်ဆောင် မိခင်တွေကို လစဉ်ငွေထောက်ပံ့မှု ဇွန်လမှာ စတင်မယ်

0
398

ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေကို ကလေး အသက် ၂ နှစ်အရွယ်အထိ တစ်လကို ငွေကျပ် တစ်သောင်းခွဲနှုန်းနဲ့ ကူညီ ထောက်ပံ့မှုတွေကို ဇွန်လမှာ စတင်တော့မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ဒီလို ငွေကြေးထောက်ပံ့မှုကို ချင်းပြည်နယ်မှာ ပထမဆုံး စတင်ဆောင်ရွက်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ ကူညီထောက်ပံ့စောင့်ရှောက်မှုဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဘတ်ဂျက်ကနေ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေကို ကူညီထောက်ပံ့နိုင်ဖို့ မေလ တတိယပတ်မှာ စာရင်း၊ ဇယားတွေ ကောက်ခံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)