ပါတီက ထုတ်ပယ်လိုက်တဲ့အကြောင်းအရင်း ပါတီက တာဝန်ရှိသူတွေကိုမေးမြန်းကြဖို့ မီဒီယာတွေကို သူရဦးရွှေမန်းပြောပြီ

0
334

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပယ်လိုက်တဲ့အကြောင်းအရင်း ပါတီက တာဝန်ရှိသူတွေကိုမေးမြန်းကြဖို့ မီဒီယာတွေကို သူရဦးရွှေမန်း ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့က နေပြည်တော် လွှတ်တော် ပရ၀ုဏ်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးခွန်းကို ဖြေကြားစဉ် သူရဦးရွှေမန်းက ပြောကြားလိုက်တာပါ။

13094230_1702592793330975_6826739077261118695_n

ပါတီက ထုတ်ပယ်ခံ ပုဂ္ဂိုလ်တွေအနေနဲ့ ရွေးကောက်အနိုင်ရ NLD ပါတီနဲ့ ပူးပေါင်းဖို့ မရှိသလို ပါတီသစ်အနေနဲ့လည်း ထူထောင်သွားဖို့ မရှိသေးဘူးလို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ဒါအပြင်  ပါတီက ထုတ်ပယ်ခံရသည်ဖြစ်စေ မထုတ်ပယ်ခံရသည်ဖြစ်စေ ပြည်သူတွေ ဘ၀ လုံခြုံရေး၊ ပြည်သူတွေဘ၀ တိုးတက်ရေး၊ နိုင်ငံတိုးတက်ရေးတွေကို ဦးတည် ဆောက်ရွက်သွားဖို့ ရှိသလို ပြည်ထောင်စုလွှတ်တော် ကော်မရှင် လုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ယာယီဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနဲ့ ပြည်သူလွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်တွေ အပါဝင် ပါတီဝင် (၁၇) ဦးကို ထုတ်ပယ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)