ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ မရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

0
323

အခုအခါမှာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီကို မရသေးကြောင်း၊ ဒါပေမယ့် အကြမ်းမဖက်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးအပေါ် အခြေခံပြီး တည်ဆောက်ရေး စိတ်ဓာတ်နဲ့ ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

(၇၂) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားတဲ့ သဘာပတိ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားတာပါ။

တော်လှန်းရေးက လမ်းဆုံးမဟုတ်ဘဲ အစဖြစ်ကြောင်း၊ လုပ်ပုံလုပ်နည်း မမှန်ရင် တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါ တည်ဆောက်ရေးကာလမှာ အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲတွေကို စွန့်လွှတ်ပြီး ကိုယ်လိုချင်တဲ့ အပြောင်းအလဲအတွက် အားလုံးက ညီညီညွတ်ညွတ် လုပ်ဖို့ အရေးကြီးကြောင်းလည်း ထောက်ပြသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)