တစ်နှစ်ကျော်အတွင်း ပြည်ပကို အလုပ်သမား ၁ သိန်း ၆ သောင်းကျော် တရားဝင် စေလွှတ်

0
1646

၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပနိုင်ငံတွေကို မြန်မာအလုပ်သမား ၁၆၁၂၉၅ ဦး တရားဝင် စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။

တောင် ကိုရီးယားနိုင်ငံကို ၅၉၈၁ ဦး၊ ဂျပန်နိုင်ငံကို ၂၇၈၉ ဦး အများဆုံး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ကိုင်နိုင်အောင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့တာ ၃၇၉၁ ဦး ရှိပါတယ်။

ပြည်ပရှိ ရွှေ့ပြောင်း အလုပ်သမားများရဲ့ အခြေခံ အခွင့်အရေး၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အလုပ်သမား ဥပဒေအရ အကာအကွယ်နဲ့ အကျိုးခံစားခွင့် ရရှိရေး၊ ပြည်ပနိုင်ငံများရဲ့ အလုပ်အကိုင် ဈေးကွက် သတင်းရယူခြင်း၊ အလုပ်သမား လက်ခံတဲ့နိုင်ငံနဲ့ နှစ်နိုင်ငံ အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးခြင်းတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)