ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
1734

ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ဒီအချက်ကို အကြောင်းပြုပြီး မြန်မာ့ ပြည်တွင်းရေးကို စွက်ဖက်ဖို့ ကြိုးစားနေကြတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ မတ်လ ၂၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ (၇၂) နှစ်မြောက်တပ်မတော်နေ့  စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ အရေးနဲ့ ပတ်သက်လို့ လုံခြုံရေး တပ်ဖွဲ့တွေက သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်တယ်လို့ စွပ်စွဲမှုတွေအပေါ် အချက်အလက် ရှာဖွာရေး နိုင်ငံတကာ အဖွဲ့ စေလွှတ်မယ်လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ကန့်ကွက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)