တစ်ရက်ကို အမှိုက် တန် ၆၀ မီးရှို့ပြီး တစ်နာရီ လျှပ်စစ်အား ၇၀၀ ကီလိုဝပ် ထုတ်မယ်

0
488

အမှိုက်ကနေ စွမ်းအင် ထုတ်နိုင်တဲ့ စက်ရုံ (Waste to Energy) ကို မင်္ဂလာဒုံမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်ကြား လှော်ကား လမ်းဘေးမှာ တည်ဆောက်နေပြီး လာမယ့် ဧပြီလ ၇ ရက်နေ့မှာ စတင်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဂျပန် ပတ်ဝန်းကျင် သိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးတွဲ အကောင်အထည် ဖော်တဲ့ အဲဒီစက်ရုံဟာ တစ်ရက်ကို အမှိုက် တန် ၆၀ မီးရှို့နိုင်ပြီး တစ်နာရီကို လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ် ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ကီလိုဝပ် ၄၀၀ ကို စက်ရုံလည်ပတ်ဖို့ ပြန်သုံးမှာ ဖြစ်ပြီး ကီလိုဝပ် ၃၀၀ ကို မဟာဓာတ်အားလိုင်းမှာ ထည့်သွင်းရောင်းချမှာ ဖြစ်ပါတယ်။

အဲဒီ အမှိုက်ကနေ စွမ်းအင်ထုတ်မယ့် စက်ရုံဟာ ဒေါ်လာ ၁၆ သန်း ကုန်ကျပြီး ဂျပန်အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့က တစ်ဝက်စီ ကျခံပါတယ်။

မန္တလေးမြို့မှာလည်း အလားတူ စက်ရုံမျိုး တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)