မောင်တောကို မီဒီယာသမားတွေ သွားမယ်

0
352

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ပြည်တွင်း၊ ပြည်ပ မီဒီယာသမား အယောက် ၂၀ သွားရောက် သတင်းယူကြမှာ ဖြစ်ပါတယ်။

၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက အထွေထွေမန်နေဂျာ ဦးရဲနိုင် ဦးဆောင်တဲ့ မီဒီယာသမား အယောက် ၂၀ ဟာ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်နေ့အထိ မောင်တောမှာ သွားရောက် လေ့လာ သတင်းယူမှာ ဖြစ်ပါတယ်။

အသစ် စုံးစမ်း ထုတ်ဖော် ရရှိတဲ့ အကြမ်းဖက်ဖို့ ကြံစည်မှု၊ တိမ်းရှောင်နေသူတွေ နေရပ်ပြန်လာမှု၊ ငါးဖမ်းလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးတွေကို လေ့လာကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မတီရဲ့ ကြားဖြတ်အစီရင်ခံစာမှာလည်း ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို မီဒီယာသမားတွေ သွားရောက်ခွင့် ပြုဖို့ အကြံပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)