စစ်ကိုင်းတိုင်းလွှတ်တော်မှာ တစ်နှစ်အတွင်း မေးခွန်းပေါင်း ၈၀၀ ကျော်ရှိ

0
267

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပခဲ့ပြီး မေးခွန်းပေါင်း ၈၀၀ ကျော်ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို မနေ့က ကျင်းပတဲ့ ၂၂ ကြိမ်မြောက် တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးမှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က တင်သွင်းရာမှာ ဖော်ပြထားတာပါ။

အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကနေ ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ လွှတ်တော်ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေမေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်း ၅၈၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၆၀ ခု၊ အဆို ၄ ခုနှင့် ဥပဒေ ၂ ခုတို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်ကြားစာအနေနဲ့လည်း ၂၀၁၈ ခုနှစ်က ၆၂၈ စောင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၅၁၈ စောင်ရရှိခဲ့ပါတယ်။ အများစုက တိုင်းအစိုးရနဲ့ တိုင်းလယ်မြေစစ်ကော်မတီကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပြီး ၁၅၃ စောင်ရှိကာ တိုင်းတရားရုံးချုပ် ၁၂ စောင်၊ တိုင်းဥပဒေချုပ် ၁ စောင်၊ အခြားဝန်ကြီးဌာန ၅၆ စောင်၊ တိုင်းထွေအုပ် ၂ စောင်၊ တိုင်းလယ်စီ ၃ စောင်၊ လွှတ်တော်ရေးရာ ကော်မတီ ၃၅ စောင်တို့အပါအဝင် လွှဲပြောင်းပေးမှု ၃၀၀ စောင်နှင့် လွှတ်တော်ကို မိတ္တူပေးပို့မှု ၂၁၈ စောင် စုစုပေါင်း ၅၁၈ စောင်ရှိခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ လက်ရှိကျင်းပနေတဲ့ ပုံမှန်အစည်းအဝေး အပါအဝင် ပုံမှန်အစည်းအဝေး ၂၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ရှိပြီး ၄ နှစ်တာကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၁၆၀၁ ခု၊ ကြယ်ပွင့်မပြ ၆၇၀၊ အဆို ၂၇ ခု၊ မဲခွဲဆုံးဖြတ်မှုအကြိမ်ရေ ၁၄ ကြိမ်၊ ဥပဒေပြင်ဆင်မှု ၂ ခု၊ အသစ် ၈ ခု၊ ပယ်ဖျက် ၆ ခုရှိပါတယ်။

ဒီကာလအတှငှး အသဈပှဋဌွာနှးတာ ပှငဆှငတှာအပါအဝငှ ဥပဒပေေါငှး ၈ ခုကို အတညပှှုထားပှီး မူကှမှး ၉ ခုကိုလညှး ညှိနှိုငှးဆှေးနှေးနကော တခှို့ဥပဒတှကေေိုတော့ သကဆှိုငရှာ ဌာနတှကေို အကှံပှုခကှှ တောငှးယူတာတှေ လုပဆှောငနှတယလှေို့ သိရပါတယှ။

စဈကိုငွးတိုငွးလှှတတွောမွှာ တဈနှဈအတှငွး မေးခှနွးပေါငွး ၈၀၀ ကှောရွှိ

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပခဲ့ပြီး မေးခွန်းပေါင်း ၈၀၀ ကျော်ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို  မနေ့က ကျင်းပတဲ့ ၂၂ ကြိမ်မြောက် တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးမှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က တင်သွင်းရာမှာ ဖော်ပြထားတာပါ။

အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကနေ ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ လွှတ်တော်ပုံမှန်အစည်းအဝေး ၅ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေမေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်း ၅၈၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၆၀ ခု၊ အဆို ၄ ခုနှင့် ဥပဒေ ၂ ခုတို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာအနေနဲ့လည်း ၂၀၁၈ ခုနှစ်က ၆၂၈ စောင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၅၁၈ စောင်ရရှိခဲ့ပါတယ်။ အများစုက တိုင်းအစိုးရနဲ့ တိုင်းလယ်မြေစစ်ကော်မတီကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပြီး ၁၅၃ စောင်ရှိကာ တိုင်းတရားရုံးချုပ် ၁၂ စောင်၊ တိုင်းဥပဒေချုပ် ၁ စောင်၊ အခြားဝန်ကြီးဌာန ၅၆ စောင်၊ တိုင်းထွေအုပ် ၂ စောင်၊ တိုင်းလယ်စီ ၃ စောင်၊ လွှတ်တော်ရေးရာ ကော်မတီ ၃၅ စောင်တို့အပါအဝင် လွှဲပြောင်းပေးမှု ၃၀၀ စောင်နှင့် လွှတ်တော်ကို မိတ္တူပေးပို့မှု ၂၁၈ စောင် စုစုပေါင်း ၅၁၈ စောင်ရှိခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ လက်ရှိကျင်းပနေတဲ့ ပုံမှန်အစည်းအဝေး အပါအဝင် ပုံမှန်အစည်းအဝေး ၂၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ရှိပြီး ၄ နှစ်တာကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၁၆၀၁ ခု၊ ကြယ်ပွင့်မပြ ၆၇၀၊ အဆို ၂၇ ခု၊ မဲခွဲဆုံးဖြတ်မှုအကြိမ်ရေ ၁၄ ကြိမ်၊ ဥပဒေပြင်ဆင်မှု ၂ ခု၊ အသစ် ၈ ခု၊ ပယ်ဖျက် ၆ ခုရှိပါတယ်။

ဒီကာလအတွင်း အသစ်ပြဋ္ဌာန်းတာ ပြင်ဆင်တာအပါအဝင် ဥပဒေပေါင်း ၈ ခုကို အတည်ပြုထားပြီး မူကြမ်း ၉ ခုကိုလည်း ညှိနှိုင်းဆွေးနွေးနေကာ တချို့ဥပဒေတွေကိုတော့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုချက် တောင်းယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)