စီမံကိန်းဘဏ် Website စတင် လွှင့်တင်

0
172

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲပ GIZ တို့ပူးပေါင်းပြီး စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းဘဏ် တည်ထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့ အစည်းတွေအားလုံး နဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေအနေနဲ့ Myanmar Sustainable Development Plan-MSDP ကို အကောင် အထည် ဖော်ရာတွင် ကြိုတင် တွက်ဆနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုတွေ အားကောင်းစေဖို့နဲ့ ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကကဏ္ဍတွေအနေနဲ့ MSDP ကိုအကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နိုင်ဖို့ ရှင်းလင်းလွယ်ကူပြီး ညီညွတ်မှုရှိတဲ့ အကောင်အထည်ဖော်မှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်ဖို့ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။



စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲပ GIZ တို့ပူးပေါင်းပြီး စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းဘဏ် တည်ထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့ အစည်းတွေအားလုံး နဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေအနေနဲ့ Myanmar Sustainable Development Plan-MSDP ကို အကောင် အထည် ဖော်ရာတွင် ကြိုတင် တွက်ဆနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုတွေ အားကောင်းစေဖို့နဲ့   ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကကဏ္ဍတွေအနေနဲ့ MSDP ကိုအကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နိုင်ဖို့ ရှင်းလင်းလွယ်ကူပြီး ညီညွတ်မှုရှိတဲ့ အကောင်အထည်ဖော်မှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်ဖို့ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာအခြေခံ အဆောက်အဦတွေကို ထိရောက်စွာ တည်ဆောက်နိုင်ရန်နှင့် ဘဏ္ဍာရေးယန္တရားကို ထူထောင်ပြီး ဆောင်ရွက်ကြဖို့   ရင်းနှီးမြှပ်နှံသူတွေနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကို ဖိတ်ခေါ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)