ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ ကြိုးစားနေတယ်လို့ ကြံ့ခိုင်ရေးအမတ်ပြော

0
201

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တဲ့အပေါ် စိတ်ခံစားချက်ထားပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာမှာ မက်မန်းမဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးတင်အေး လည်း ပါဝင်ဆွေးနွေးခဲ့တာပါ။

“အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားချက်ကို ရှေ့တန်းတင်၊ ရမယ်ရှာ၊ လက်ညှိးထိုး ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရ ပါတယ် ” လို့ ဦးတင်အေးက ပြောဆိုပါတယ်။
ဦးတင်အေးရဲ့ ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က လွှတ်တော်မှတ်တမ်း ကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်နာယကထံ တောင်းဆိုခဲ့ပါတယ်။

ကှံ့ခိုငရြေးပါတီအမတြ ဦးတငအြေးရဲ့ဆှေးနှေးမှုကို ဦးအောငကြှညညြှန့ကြ ကန့ကြှကခြဲ့သလို တဈသီးပုဂျဂလ ကိုယစြားလှယြ ဦးစိုးသိနြးရဲ့ဆှေးနှေးမှုထဲက စကားရပအြခွို့ကိုလညြး ပယဖြကွပြေးဖို့ အနအြယလြဒြီကိုယစြား လှယြ ဦးမွိုးဇောြဦးက တောငြးဆိုခဲ့ပါသေးတယြ။ ပှညထြောငစြုလှှတတြောနြာယကကတော့ ဆှေးနှေးခကွြ လုံးကောကတြှကေို ပှနလြညနြားထောငပြှီးမှ လှှတတြောမြှတတြမြးက ပယဖြကွသြင့မြသင့ကြို ဆုံးဖှတမြယလြို့ ပှောကှားခဲ့ပါတယြ။

ပုဒျမ ၅၉(စ) ကို ပွငျဖို့  ကွိုးစားနတေယျလို့ ကွံ့ခိုငျရေးအမတျပွော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တဲ့အပေါ် စိတ်ခံစားချက်ထားပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာမှာ မက်မန်းမဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးတင်အေး လည်း ပါဝင်ဆွေးနွေးခဲ့တာပါ။

“အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားချက်ကို ရှေ့တန်းတင်၊ ရမယ်ရှာ၊ လက်ညှိးထိုး ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရ ပါတယ် ” လို့ ဦးတင်အေးက ပြောဆိုပါတယ်။

ဦးတင်အေးရဲ့ ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က လွှတ်တော်မှတ်တမ်း ကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်နာယကထံ တောင်းဆိုခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေးရဲ့ဆွေးနွေးမှုကို ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့သလို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ဆွေးနွေးမှုထဲက စကားရပ်အချို့ကိုလည်း ပယ်ဖျက်ပေးဖို့ အန်အယ်လ်ဒီကိုယ်စား လှယ် ဦးမျိုးဇော်ဦးက တောင်းဆိုခဲ့ပါသေးတယ်။ ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဆွေးနွေးချက် လုံးကောက်တွေကို ပြန်လည်နားထောင်ပြီးမှ လွှတ်တော်မှတ်တမ်းက ပယ်ဖျက်သင့်မသင့်ကို ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)