အာဆီယံလုပ္ငန္းခြင္ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆု ျမန္မာလုပ္ငန္းရွင္၂ ဦးရရွိ(႐ုပ္/သံ)

0
956

အာဆီယံလုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆုရရွိတဲ့ ျမန္မာလုပ္ငန္းရွင္ (၂)ဦးကုိ လာမယ့္ ဧၿပီလမွာ ဆုခ်ီးျမွင့္သြားဖို႕ရွိေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ က ေပးပို႔ ထားပါတယ္ ။

အာဆီယံ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးကြန္ရက္က ပုဂၢလိက လုပ္ငန္း ရွင္လုပ္ငန္းရွင္ေတြရဲ႕ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာ ေရးေကာင္းမြန္ေအာင္ ေဆာင္ရြက္နုိင္မႈအေပၚ မူတည္ၿပီး ဒီဆုေတြကုိ ၂၀၁၆ခုႏွစ္ကစတင္ၿပီး ၂ ႏွစ္ တစ္ႀကိမ္ ေပးအပ္ခဲ့တာပါ။

အခုၾကိမ္မွာေတာ့ အာဆီယံလုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆုကို အႀကီးစားစီးပြား ေရးလုပ္ငန္းရွင္တစ္ဦးနဲ႔ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးတို႔က ရရွိထားတာေၾကာင့္ လာမယ့္ ဧၿပီလ အတြင္း ကေမာၻဒီးယားႏုိင္ငံမွာ ဆုခ်ီးျမွင့္ေပးသြားဖုိ႔ရွိေနတာျဖစ္ပါတယ္။

Sound Bite – ဦးဥကၠာသိန္း (ဒုတိယညႊန္ၾကားေရးမွဴး ) အလုပ္ရုံနဲ႔အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

နုိင္ငံအလုိက္ လုပ္ငန္းရွင္ေတြ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့အခါ တျခားနုိင္ငံေတြက စက္ရုံအလုပ္ရုံေတြနဲ႔ ယွဥ္ၿပိဳင္စရာမလုိပဲ ျပည္တြင္းက အာဆီယံအဆင့္မီ လုပ္ငန္းရွင္အခ်င္းခ်င္းသာ ၀င္ေရာက္ယွဥ္ၿပဳိင္ရတာျဖစ္ပါတယ္။ ျမန္မာနုိင္ငံကုိယ္စားျပဳ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ လုပ္ငန္းရွင္ Excellence Award ဆုအတြက္စက္ရုံ ၈ရုံနဲ႔ Best Practice Award ဆုအတြက္ အလုပ္ရုံ ၅ရုံတို႔က ၂၀၁၇ခုႏွစ္အတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္ ။

Sound Bite – ဦးဥကၠာသိန္း (ဒုတိယညႊန္ၾကားေရးမွဴး )အလုပ္ရုံနဲ႔အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

အာဆီယံနုိင္ငံေတြအၾကား လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆုိင္ရာပူးေပါင္း ေဆာင္ရြက္နုိင္ဖို႔ ရည္ရြယ္ၿပီး အာဆီယံလုပ္ငန္းခြင္ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရး ကြန္ရက္ကုိ ၿပီးခဲ့တဲ့ ၂၀၀၀ ျပည့္ႏွစ္က စတင္ၿပီး အာဆီယံအဖြဲ႕၀င္ (၁၁) နုိင္ငံက နုိင္ငံအဆင့္ ကုိယ္စားလွယ္ေတြနဲ႔ နားလည္မႈစာခ်ြန္လႊာ လက္မွတ္ေရးထုိးၿပီး စတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆုရရှိတဲ့ မြန်မာလုပ်ငန်းရှင် (၂)ဦးကို လာမယ့် ဧပြီလမှာ ဆုချီးမြှင့်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် က ပေးပို့ ထားပါတယ် ။

အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကွန်ရက်က ပုဂ္ဂလိက လုပ်ငန်း ရှင်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာ ရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မှုအပေါ် မူတည်ပြီး ဒီဆုတွေကို ၂၀၁၆ခုနှစ်ကစတင်ပြီး ၂ နှစ် တစ်ကြိမ် ပေးအပ်ခဲ့တာပါ။

အခုကြိမ်မှာတော့ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆုကို အကြီးစားစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးနဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့က ရရှိထားတာကြောင့် လာမယ့် ဧပြီလ အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ဆုချီးမြှင့်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။

Sound Bite – ဦးဥက္ကာသိန်း (ဒုတိယညွှန်ကြားရေးမှူး ) အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

နိုင်ငံအလိုက် လုပ်ငန်းရှင်တွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ တခြားနိုင်ငံတွေက စက်ရုံအလုပ်ရုံတွေနဲ့ ယှဉ်ပြိုင်စရာမလိုပဲ ပြည်တွင်းက အာဆီယံအဆင့်မီ လုပ်ငန်းရှင်အချင်းချင်းသာ ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လုပ်ငန်းရှင် Excellence Award ဆုအတွက်စက်ရုံ ၈ရုံနဲ့ Best Practice Award ဆုအတွက် အလုပ်ရုံ ၅ရုံတို့က ၂၀၁၇ခုနှစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ် ။

Sound Bite – ဦးဥက္ကာသိန်း (ဒုတိယညွှန်ကြားရေးမှူး )အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

အာဆီယံနိုင်ငံတွေအကြား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ကွန်ရက်ကို ပြီးခဲ့တဲ့ ၂၀ဝ၀ ပြည့်နှစ်က စတင်ပြီး အာဆီယံအဖွဲ့ဝင် (၁၁) နိုင်ငံက နိုင်ငံအဆင့် ကိုယ်စားလှယ်တွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)