အစိုးရ သတင္းစာေတြမွာ အားနည္းမႈေတြရွိေၾကာင္း ျပန္ၾကားေရး ဒု ဝန္ႀကီးေျပာ

0
876

အစိုးရ သတင္းစာေတြမွာ တခ်ိဳ႕သတင္းေတြဟာ သတင္းတန္ဖိုး အားနည္းတာ၊ သတင္း ေရးသားမႈပံုစံ အားနည္းတာ၊ သတင္းေစာင့္ၾကည့္မႈနဲ႔ ေနာက္ဆက္တြဲ ေဖာ္ျပႏိုင္မႈ လိုအပ္ခ်က္ေတြရွိတာ ျမင္ရတယ္လို႔ ျပန္ၾကားေရး ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာပါတယ္။

ေနျပည္ေတာ္မွာ မေန႔က ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ ျမန္မာ့အလင္း၊ ေၾကးမုံနဲ႔ ျမန္မာ့သတင္းစဥ္ (ျပည္တြင္း)၊ ျမန္မာ့သတင္းစဥ္ (ႏိုင္ငံျခား)၊ ေနျပည္ေတာ္ သတင္းစာ တိုက္တို႔က ဝန္ထမ္းေတြနဲ႔ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အေၾကာင္းအရာေတြကို တိက်မွန္ကန္စြာ ေဖာ္ျပႏိုင္ေရးနဲ႔ ျမန္မာတို႔ရဲ႕ အသံကို ကမာၻ႔မီဒီယာေတြအထိ ထိုးေဖာက္ႏိုင္ေရး သတင္းစာသမားေတြမွာ တာဝန္ရွိၿပီး ျပန္ၾကားေရး ဝန္ႀကီးဌာနရဲ႕ အဓိက တာဝန္ကလည္း ျမန္မာရဲ႕ အသံကို ပိုမိုေဖာ္ထုတ္ႏိုင္ေရး ျဖစ္တယ္လို႔ ဒု ဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရ သတင်းစာတွေမှာ အားနည်းမှုတွေရှိကြောင်း ပြန်ကြားရေး ဒု ဝန်ကြီးပြော

အစိုးရ သတင်းစာတွေမှာ တချို့သတင်းတွေဟာ သတင်းတန်ဖိုး အားနည်းတာ၊ သတင်း ရေးသားမှုပုံစံ အားနည်းတာ၊ သတင်းစောင့်ကြည့်မှုနဲ့ နောက်ဆက်တွဲ ဖော်ပြနိုင်မှု လိုအပ်ချက်တွေရှိတာ မြင်ရတယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

နေပြည်တော်မှာ မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြန်မာ့သတင်းစဉ် (ပြည်တွင်း)၊ မြန်မာ့သတင်းစဉ် (နိုင်ငံခြား)၊ နေပြည်တော် သတင်းစာ တိုက်တို့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အကြောင်းအရာတွေကို တိကျမှန်ကန်စွာ ဖော်ပြနိုင်ရေးနဲ့ မြန်မာတို့ရဲ့ အသံကို ကမ္ဘာ့မီဒီယာတွေအထိ ထိုးဖောက်နိုင်ရေး သတင်းစာသမားတွေမှာ တာဝန်ရှိပြီး ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အဓိက တာဝန်ကလည်း မြန်မာရဲ့ အသံကို ပိုမိုဖော်ထုတ်နိုင်ရေး ဖြစ်တယ်လို့ ဒု ဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)