ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ဆူးတပ္ႀကီးရြာ မီးေလာင္မႈ လူ ၁၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္

0
908

မေကြးတိုင္း၊ ၿမိဳ႕သစ္ၿမိဳကနယ္၊ ဆူးတပ္ႀကီး ေက်းရြာ မီးေလာင္မႈေၾကာင့္ ေနအိမ္ ၂၇ လံုး ဆံုး႐ံႈးၿပီး လူ ၁၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္သြားပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က ဆူးတပ္ႀကီးေက်းရြာေန ေဒၚၾကည္ဝင္း ေနအိမ္မွာ သမီးျဖစ္သူ မသင္း (၁၉ ႏွစ္) နဲ႔ သားျဖစ္သူ ကိုထက္ (၁၅ ႏွစ္) တို႔ ႏွစ္ဦးတည္းရွိစဥ္ မသင္းက ထမင္းခ်က္ရာမွာ မီးၾကြင္းမီးက်န္ကေန မီးေလာင္ခဲ့တာ ျဖစ္ပါတယ္။

မီးကူးစက္ ေလာင္ကြ်မ္းမႈေၾကာင့္ ေနအိမ္ ၂၇ လံုး၊ ဝက္ ၃ ေကာင္၊ ဂြန္ေဒါင္း ၁ စီး မီးေလာင္ပ်က္စီးပါတယ္။ ေနအိမ္ ၂၇ လံုးက မိသားစု ၂၇ စု၊ အမ်ိဳးသား ၅၅ ဦး၊ အမ်ိဳးသမီး ၅၄ ဦးတို႔ကို ဘုန္းႀကီးေက်ာင္း ဓမၸ႐ံုနဲ႔ ရြာလယ္ဇရပ္တို႔မွာ ယာယီ ေနရာခ်ထားေပးရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးရွာ မီးလောင်မှု လူ ၁၀ဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မကွေးတိုင်း၊ မြို့သစ်မြိုကနယ်၊ ဆူးတပ်ကြီး ကျေးရွာ မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံး ဆုံးရှုံးပြီး လူ ၁၀ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆူးတပ်ကြီးကျေးရွာနေ ဒေါ်ကြည်ဝင်း နေအိမ်မှာ သမီးဖြစ်သူ မသင်း (၁၉ နှစ်) နဲ့ သားဖြစ်သူ ကိုထက် (၁၅ နှစ်) တို့ နှစ်ဦးတည်းရှိစဉ် မသင်းက ထမင်းချက်ရာမှာ မီးကြွင်းမီးကျန်ကနေ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးကူးစက် လောင်ကျွမ်းမှုကြောင့် နေအိမ် ၂၇ လုံး၊ ဝက် ၃ ကောင်၊ ဂွန်ဒေါင်း ၁ စီး မီးလောင်ပျက်စီးပါတယ်။ နေအိမ် ၂၇ လုံးက မိသားစု ၂၇ စု၊ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၅၄ ဦးတို့ကို ဘုန်းကြီးကျောင်း ဓမ္ပရုံနဲ့ ရွာလယ်ဇရပ်တို့မှာ ယာယီ နေရာချထားပေးရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)