အၾကမ္းဖက္သမားေတြ Safe house တည္ေဆာက္မယ့္ အႏၱရာယ္ ရွိ

0
868

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ကို အသံုးခ်ၿပီး ARSA အၾကမ္းဖက္သမားေတြက ေဘးကင္းလံုၿခံဳေသာ ခိုလံႈရာ Safe house အျဖစ္ တည္ေဆာက္မယ့္ အႏၱရာယ္ဟာ ႏွစ္ႏိုင္ငံလံုးရဲ႕ အမ်ိဳးသားလံုၿခံဳေရးကို ၿခိမ္းေျခာက္မႈ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ႏွစ္ႏို္င္ငံ နယ္ျခား ဇီး႐ိုး ဇုန္ထဲမွာ ဝင္ေရာက္ ေနထိုင္တဲ့ မြတ္စလင္ေတြနဲ႔ ပတ္သက္ၿပီး ဦးေဇာ္ေဌးေရးသားတဲ့ ေၾကးမံုသတင္းစာပါ ေဆာင္းပါးမွာ အခုလို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဇီး႐ိုး ဇုန္မွာ ျမန္မာႏိုင္ငံဘက္က ဖယ္ရွားရွင္းလင္းမႈေတြ လုပ္လာရင္ ေနရာက မခြာဘဲ ဆက္ေနၾကဖို႔ အၾကမ္းဖက္အဖြဲ႔အစည္းေတြက ညႊန္ၾကားေနတယ္လို႔ သတင္းေတြ ၾကားသိေၾကာင္းလည္း ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

ဇီး႐ိုး ဇုန္မွာ ဝင္ေရာက္ ေနထိုင္သူ ၆ ေထာင္ေလာက္ ရွိခဲ့ေပမယ့္ ႏွစ္ႏို္င္ငံတာဝန္ရွိသူေတြ သြားေရာက္ေတြ႔ဆံုၿပီးခ်ိန္မွာေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္သြားတဲ့အတြက္ ၁ ေထာင္ခန္႔သာ က်န္ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်သမားတွေ Safe house တည်ဆောက်မယ့် အန္တရာယ် ရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်ကို အသုံးချပြီး ARSA အကြမ်းဖက်သမားတွေက ဘေးကင်းလုံခြုံသော ခိုလှုံရာ Safe house အဖြစ် တည်ဆောက်မယ့် အန္တရာယ်ဟာ နှစ်နိုင်ငံလုံးရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နှစ်နိ်ုင်ငံ နယ်ခြား ဇီးရိုး ဇုန်ထဲမှာ ဝင်ရောက် နေထိုင်တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးရေးသားတဲ့ ကြေးမုံသတင်းစာပါ ဆောင်းပါးမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဇီးရိုး ဇုန်မှာ မြန်မာနိုင်ငံဘက်က ဖယ်ရှားရှင်းလင်းမှုတွေ လုပ်လာရင် နေရာက မခွာဘဲ ဆက်နေကြဖို့ အကြမ်းဖက်အဖွဲ့အစည်းတွေက ညွှန်ကြားနေတယ်လို့ သတင်းတွေ ကြားသိကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဇီးရိုး ဇုန်မှာ ဝင်ရောက် နေထိုင်သူ ၆ ထောင်လောက် ရှိခဲ့ပေမယ့် နှစ်နိ်ုင်ငံတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံပြီးချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်သွားတဲ့အတွက် ၁ ထောင်ခန့်သာ ကျန်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)