
0
873




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျန်တဲ့ သက်တမ်း ၃ နှစ်အတွင်း စီးပွားရေးကို အခြေခိုင်အောင် လုပ်ချင်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြော

ကျန်တဲ့ သက်တမ်း ၃ နှစ်အတွင်း စီးပွားရေးကို အခြေခိုင်အောင် လုပ်ချင်တယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ချမ်းမြသာစည် မြို့နယ်၊ မန္တလာသီရိ အားကစားကွင်းမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ မန္တလေးတိုင်း အတွင်းရှိ MSME တွေရဲ့ ပထမအကြိမ် ထုတ်ကုန်ပြပွဲနဲ့ ဆုချီးမြှင့်ပွဲမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရ တာဝန်ယူခဲ့တဲ့ သက်တမ်း ၂ နှစ်တာ ကာလအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပြီး ကျန်ရှိတဲ့ သက်တမ်း ၃ နှစ်အတွက် စီးပွားရေး အခြေခိုင်အောင် လုပ်ချင်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)