ေပါင္းတည္မွာ အေျခခံ ဥပေဒ ဖ်က္သိမ္းဖို႔ ဆႏၵျပ

0
887

ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕နယ္မွာ ေဒသခံေတြက ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ ဖ်က္သိမ္းေပးဖို႔ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ ေတာင္းဆိုခဲ့ပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔ မနက္ ၉ နာရီက ဖြဲ႔စည္းပံု အေျခခံဥပေဒ ဖ်က္သိမ္းေပးဖို႔ ေဒသခံေတြက မယ္လိုဒီ (၁) လက္ဖက္ရည္ဆိုင္ေရွ႕ကေန အာဇာနည္ ေက်ာက္တိုင္ေရွ႕အထိ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္တာ ျဖစ္ပါတယ္။

လမ္းေလွ်ာက္ဆႏၵျပသူေတြက တူညီဝတ္စုံေတြ ဝတ္ဆင္ထားၿပီး စစ္မွန္ဒီမို ဥပေဒျပဳဖို႔ ၂၀၀၈ အေျခခံ ဥပေဒ ေျပာင္းလဲပစ္ဖို႔ စာသားပါ ဗီႏိုင္းေတြ ကိုင္ေဆာင္ၿပီး ၂၀၀၈ ဖဲြ႔စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းေပးေရး ဒို႔ အေရးလို႔ ေၾကြးေၾကာ္ၿပီး လူအင္အား ၈၀ ေက်ာ္နဲ႔ ဆႏၵထုတ္ေဖာ္ၾကတာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ကလည္း ျပည္ၿမိဳ႕မွာ အလားတူ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါင်းတည်မှာ အခြေခံ ဥပဒေ ဖျက်သိမ်းဖို့ ဆန္ဒပြ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ဒေသခံတွေက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ လမ်းလျှောက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၉ နာရီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ဒေသခံတွေက မယ်လိုဒီ (၁) လက်ဖက်ရည်ဆိုင်ရှေ့ကနေ အာဇာနည် ကျောက်တိုင်ရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။

လမ်းလျှောက်ဆန္ဒပြသူတွေက တူညီဝတ်စုံတွေ ဝတ်ဆင်ထားပြီး စစ်မှန်ဒီမို ဥပဒေပြုဖို့ ၂၀ဝ၈ အခြေခံ ဥပဒေ ပြောင်းလဲပစ်ဖို့ စာသားပါ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေး ဒို့ အရေးလို့ ကြွေးကြော်ပြီး လူအင်အား ၈၀ ကျော်နဲ့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ပြည်မြို့မှာ အလားတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)