
0
863



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာရှိုး-မူဆယ်မှာတွေ့တဲ့မိုင်းဟာ အကြမ်းဖက်သောင်းကျန်းသူတွေ ထောင်ထားတဲ့ မိုင်းဖြစ်

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေးမှာ တွေ့ရှိခဲ့တဲ့ မိုင်းတစ်ဟာ အကြမ်းဖက် သောင်းကျန်းသူတွေ ထောင်ထားတာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေးမှာ မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ရှိစစ်ဆေးခဲ့ရာကနေ မသင်္ကာဖွယ်ရာ အထုပ်ရဲ့ ပေ ၂ဝ အကွာ ချုံပုတ် အတွင်းမှာ အကြမ်းဖက်သောင်းကျန်းသူတွေ ထောင်ထားတဲ့ အလျား ၈ လက်မ၊ အနံ ၄ လက်မရှိတဲ့ ရှေ့ထွက်ရီမုမိုင်းတစ်လုံးကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာ ဖော်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)