ရခိုင္ျပည္နယ္မွာ လံုၿခံဳေရး တိုးျမႇင့္

0
866

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က ဗံုးေပါက္ကြဲမႈ ၃ ခု ျဖစ္ပြားၿပီးေနာက္ လံုၿခံဳေရး တိုးျမႇင့္ထားပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ အတြင္းေရးမွဴးေနအိမ္၊ ရခုိင္ျပည္နယ္ တရားလႊတ္ေတာ္႐ံုးေရွ႕၊ ေျမစာရင္း႐ံုးေရွ႕ ေနရာေတြမွာ ေပါက္ကြဲခဲ့တာေၾကာင့္ အစိုးရအဖြဲ႔႐ံုးနဲ႔ အမ်ားျပည္သူ အသံုးျပဳေနတဲ့ ေနရာေတြမွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္ မနက္ပိုင္းကစၿပီး လံုၿခံဳေရးတိုးျမွင့္ ထားလိုက္တာ ျဖစ္ပါတယ္။

ေပါက္ကြဲမႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ ညေနပိုင္းက သံသယနဲ႔ ဖမ္းဆီးထားသူေတြကို ရမန္ယူထားၿပီး ထပ္မံ ဖမ္းဆီးထားသူေတြလည္း ရွိေနေသးေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်၊ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့၊ မြေစာရင်းရုံးရှေ့ နေရာတွေမှာ ပေါက်ကွဲခဲ့တာကြောင့် အစိုးရအဖွဲ့ရုံးနဲ့ အများပြည်သူ အသုံးပြုနေတဲ့ နေရာတွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းကစပြီး လုံခြုံရေးတိုးမြှင့် ထားလိုက်တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက သံသယနဲ့ ဖမ်းဆီးထားသူတွေကို ရမန်ယူထားပြီး ထပ်မံ ဖမ်းဆီးထားသူတွေလည်း ရှိနေသေးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)