အင္းေတာ္ႀကီးအိုင္မွာ စက္ေလွေမွာက္မႈ ေက်ာင္းသား ေက်ာင္းသူ ၈ ဦးနဲ႔ အရပ္သား ၁ ဦး ေသ

0
951

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီးအိုင္အတြင္းမွာ စက္ေလွ တိမ္းေမွာက္မႈေၾကာင့္ ေက်ာင္းသား ေက်ာင္းသူ ၈ ဦးနဲ႔ အရပ္သား ၁ ဦး ေသဆံုးခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ေညာင္ပင္ရြာနဲ႔ ႏွီးဘုရားၾကားမွာ ဦးေမာင္ဦး ေမာင္းႏွင္ၿပီး အ.ထ.က (ခြဲ) လံုးစန္႔က ၈ တန္း ေက်ာင္းသား ေက်ာင္းသူ ၁၅ ဦးနဲ႔ အလယ္တန္းျပ ဆရာမ ေဒၚသန္းသန္းစိုး အပါအဝင္ စုစုေပါင္း ၁၈ ဦး လိုက္ပါလာတဲ့ စက္ေလွ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။

ဦးေမာင္ဦး အပါအဝင္ ၉ ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ ေက်ာင္းသား ၂ ဦးနဲ႔ ေက်ာင္းသူ ၆ ဦး၊ အရပ္သူ ၁ ဦးတို႔ ေပ်ာက္ဆံုးခဲ့တာ ျဖစ္ပါတယ္။ စက္ေလွဟာ လံုးစန္႔ရြာကေန အင္းေတာ္ႀကီးကို ဘုရားဖူးဖို႔ သြားစဥ္ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းတော်ကြီးအိုင်မှာ စက်လှေမှောက်မှု ကျောင်းသား ကျောင်းသူ ၈ ဦးနဲ့ အရပ်သား ၁ ဦး သေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်းမှာ စက်လှေ တိမ်းမှောက်မှုကြောင့် ကျောင်းသား ကျောင်းသူ ၈ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ညောင်ပင်ရွာနဲ့ နှီးဘုရားကြားမှာ ဦးမောင်ဦး မောင်းနှင်ပြီး အ.ထ.က (ခွဲ) လုံးစန့်က ၈ တန်း ကျောင်းသား ကျောင်းသူ ၁၅ ဦးနဲ့ အလယ်တန်းပြ ဆရာမ ဒေါ်သန်းသန်းစိုး အပါအဝင် စုစုပေါင်း ၁၈ ဦး လိုက်ပါလာတဲ့ စက်လှေ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးမောင်ဦး အပါအဝင် ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူ ၆ ဦး၊ အရပ်သူ ၁ ဦးတို့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ စက်လှေဟာ လုံးစန့်ရွာကနေ အင်းတော်ကြီးကို ဘုရားဖူးဖို့ သွားစဉ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)