
0
918




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ကို အကူအညီပေးရေး ကန့်သတ်မှု မလုပ်ဖို့ ဂတ်တာရက်ဇ် ပြော

ရခိုင်ပြည်နယ်ကို အကူအညီပေးရေး လုပ်ဆောင်မှုတွေကို မကန့်သတ်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တာရက်ဇ်က ပြောပါတယ်။

မွတ်စလင် ဒုက္ခသည်တွေဟာ အကူအညီလိုတယ်၊ အသက်ကယ်ရေး အကူအညီနဲ့ ရေရှည် အဖြေရှာဖို့နဲ့ တရားမျှတမှုတွေ လိုတယ်လို့ မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဂျနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီမှာ ပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ မွတ်စလင်တွေကိစ္စကို လုံခြုံရေးကောင်စီထံကို တရားဝင် စာရေးသား ပေးပို့ထားကြောင်းလည်း မစ္စတာ ဂတ်တာရက်ဇ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)