မြတ္စလင္ ဒုကၡသည္အေရး ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုဗယ္လ္ဆုရွင္ေတြ တိုက္တြန္း

0
292

ေနရပ္စြန္႔ခြာတဲ့ မြတ္စလင္ ဒုကၡသည္ေတြအေရး ေျပာဆိုခ်ိန္ေရာက္ၿပီ ျဖစ္ေၾကာင္းနဲ႔ မဟုတ္ရင္ မ်ိဳးတုန္းသတ္ျဖတ္မႈ ျဖစ္ႏိုင္ေၾကာင္း ၿငိမ္းခ်မ္းေရး ႏိုဗယ္လ္ဆုရွင္ ၃ ဦးက တိုက္တြန္းလိုက္ပါတယ္။

ဒုကၡသည္ေတြရွိတဲ့ ဘဂၤလားေဒ့ရွ္ကို ၿငိမ္းခ်မ္းေရး ႏိုဗယ္လ္ဆုရွင္ တာဝပ္ကူးလ္ ကာမန္၊ ရွီရင္ အီဘာဒီနဲ႔ မိုင္ရိ မက္ဂြိဳင္ယာတို႔ သြားေရာက္ၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ႏိုးထသင့္ၿပီလို႔ တိုက္တြန္းခဲ့ပါတယ္။ ျမန္မာအစိုးရနဲ႔ စစ္တပ္က မြတ္စလင္ကို ႏွိပ္ကြပ္ေနတယ္လို႔ မက္ဂြိဳင္ယာက ေျပာပါတယ္။

မ်ိဳးတံုး သတ္ျဖတ္မႈကို တာဝန္ယူဖို႔အတြက္ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုကို ပို႔ရလိမ့္မယ္လို႔လည္း မက္ဂြိဳင္ယာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် ဒုက္ခသည်အရေး ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်လ်ဆုရှင်တွေ တိုက်တွန်း

နေရပ်စွန့်ခွာတဲ့ မွတ်စလင် ဒုက္ခသည်တွေအရေး ပြောဆိုချိန်ရောက်ပြီ ဖြစ်ကြောင်းနဲ့ မဟုတ်ရင် မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ၃ ဦးက တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် တာဝပ်ကူးလ် ကာမန်၊ ရှီရင် အီဘာဒီနဲ့ မိုင်ရိ မက်ဂွိုင်ယာတို့ သွားရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုးထသင့်ပြီလို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်က မွတ်စလင်ကို နှိပ်ကွပ်နေတယ်လို့ မက်ဂွိုင်ယာက ပြောပါတယ်။

မျိုးတုံး သတ်ဖြတ်မှုကို တာဝန်ယူဖို့အတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံကို ပို့ရလိမ့်မယ်လို့လည်း မက်ဂွိုင်ယာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)