ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တရားမဝင်သစ်တွေ တင်လာသူ သုံးဦး ဖမ်းမိ

0
309

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၃ မိုင် ၄ ဖာလုံ၊ မြို့ချောင်းကျေးရွာ၊ မြို့ချောင်းလမ်းအနီးမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲက တရားမဝင်သစ်တွေ တင်ဆောက်လာတဲ့ ယာဉ်တစ်စီးကို ဖမ်းမိခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးကျော်ကျော်အောင် တောအုပ်ကြီး ဦးစောကိုလေး တောအုပ်နိုင်ဦးနဲ့ သစ်တောဝန်ထမ်းတွေအပြင် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ ဒုရဲအုပ် အေးမင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေပူးပေါင်းအဖွဲ့က သတင်းအရ ဖေဖော်ဝါရီ ၂၆ ရက်မှာ စောင့်ဆိုင်းနေစဉ် ဖမ်းမိခဲ့တာပါ။

သစ်တွေတင်လာတဲ့ ယာဉ်ဟာ FUFO ခြောက်ဘီးကား အပြာရောင်ဖြစ်ပြီး ယာဉ်ပေါ်မှာ တရားမဝင် ပျဉ်းကတိုး သစ်ခွဲသားဆိုက်စုံ ၁၆၈ ချောင်း (၅.၃၉ တန်)ပါရှိပြီး ကားပေါ်မှာ သစ်ပိုင်ရှင် ငြိမ်းမောင် (၃၇ နှစ်)၊ သစ်ပိုင်ရှင် ဇော်မင်းလွင် (၂၀ နှစ်)နဲ့ ကားပိုင်ရှင် သိန်းဇော်(ခ)ဇော်ကြီး ဆိုသူ သုံးဦးကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်တွေကို ကားနဲ့အတူ မြို့ချောင်း ၂မိုင် စစ်ဆေးရေးစခန်းကို သယ်ယူပြီး မြို့နယ်သစ်တောဦးစီးဌာနက သစ်ခိုးထုတ်သယ်ဆောင်လာသူသုံးဦးကိုလည်း သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)အရ ကျောက်တံခါးမြို့နယ် တရားရုံးကို တရားစွဲတင်ပို့သွားမှာ ဖြစ်ပါတယ်။

 

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)